အပိုင်း - ၁၄ (Zawgyi + Unicode)

22.6K 2.8K 359
                                    

#For Zawgyi

ချမ်းထိုင်နေသော်လည်း ဦးသာတို့နှစ်ယောက်ရဲ့ စကားပြောခြင်းက ပြတ်မသွား ။ နှစ်ယောက်တည်းနဲ့ကို စကားဝိုင်းကြီးက စည်ကားနေလိုက်တာမှ ။ ဦးသာဆိုသည်မှာလည်း ဘယ်တုန်းက ဒီလောက်စကားများတတ်သွားသည် မသိ ။

အစ်ကိုမိုးယံက ဦးသာကို ခေါ်တာ အကိုကြီး တဲ့ ။ ဦးသာကလည်း ပြန်ခေါ်တာ ညီ တဲ့ ။ အရမ်းတွေ အဆင်ပြေနေကြပုံပဲ ။

" ကျွန်တော်က ဆရာချစ်ဦးညို စာအုပ်ဆိုရင် လင်္ကာဒီပချစ်သူ တစ်အုပ်ပဲ ဖတ်ဖူးတာ အကိုကြီးရ ၊ အဲ့ဒီစာအုပ်ကိုတော့ အတော်သဘောကျတာ "

" လင်္ကာဒီပချစ်သူက ကိုယ့် Favorite ထဲမှာ တစ်အုပ်အပါအဝင်ပါပဲ ၊ ဆရာ့ရေးဟန်ကို သဘောကျတယ်ဆိုရင် ညီ.. ဥပေက္ခာဒေဝီတို့ , နှင်းကေသရာချစ်တဲ့ သူရဲကောင်းတို့ , ရတနာဂီရိ အကျဉ်းသားတို့ try ကြည့်ပေါ့ ၊ အဲ့ဒါတွေက ဆရာ့ရဲ့နာမည်ကြီးတွေပဲ "

" ကျွန်တော် ရှာဝယ်ပြီး ဖတ်ကြည့်လိုက်မယ် ၊ ကျွန်တော်က အဲ့လို ရာဇဝင်ဆန်ဆန်စာအုပ်တွေကို သဘောကျတယ် ၊ ဒါနဲ့ အကိုကြီးက ဘာသာပြန်တွေရော ဖတ်လေ့ရှိလား "

" အင်း ဖတ်ပါတယ် ၊ ကိုယ်က စာအုပ်ဆို ဘာရယ် ညာရယ် ရွေးမနေဘူး ၊ အကုန်ဖတ်တယ် "

" ကျွန်တော်က ဘာသာပြန်ဆိုလို့ The Promise ပဲ ဖတ်ဖူးသေးတယ် "

" အော ကိုယ်သိတယ် ၊ ဆရာမြတ်ငြိမ်း ဘာသာပြန်တာ ၊ မြန်မာနာမည်က ဤမှန်သော သစ္စာစကားကြောင့် ၊ ဟားဗတ်စ် နောက်ခံနဲ့ရေးထားတာ ၊ အဲ့ဒီဇာတ်လမ်းလေး တကယ်ချစ်စရာကောင်းတယ် "

" ဟား ဟုတ်တယ် ဟုတ်တယ် ၊ အဲ့ဒါ တစ်ခြား ဘာသာပြန်စာအုပ်တွေလည်း ဖတ်ကြည့်ချင်လို့ အဆင်ပြေလောက်မယ့် စာအုပ်လေး နည်းနည်းလောက် ညွှန်းပါဦး "

" ညီက စစ်အတွင်းကာလတွေ ဘာတွေ စိတ်ဝင်စားလို့ ဖတ်ချင်ရင်တော့  ဆရာမောင်ထွန်းသူ ဘာသာပြန်ထားတဲ့ Saigon ( ဆိုင်ဂုံ ) ဖတ်ကြည့်ပါလား ၊ ရှစ်အုပ်တွဲဆိုတော့ တော်တော်တော့ ဖတ်ရမယ် "

" ဆိုင်ဂုံ ဆိုတာ ဗီယက်နမ်ရဲ့ ဆိုင်ဂုံကို ပြောတာလား အကိုကြီး "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now