အပိုင်း - ၃၀ (Zawgyi + Unicode)

22.8K 2.8K 601
                                    

#For Zawgyi

ရေတံခွန်က သိပ်အမြင့်ကြီးမဟုတ်ပေမယ့် တော်တော်လှသည် ။ လူသိပ်မသိတဲ့နေရာဖြစ်လို့ထင်သည် ။ အမှိုက်သရိုက်တွေ ဘာတွေ တစ်ခုမှမရှိဘဲ သဘာဝအတိုင်းကို အရိုင်းဆန်ဆန်လှနေတာမျိုး ။ စာအုပ်ထဲမှာတော့ လူသူအရောက်အပေါက်နည်းပြီး လူသားတွေရဲ့ဖျက်စီးမှုဒဏ်တွေ မခံရသေးတဲ့ ဒီလို သဘာဝအတိုင်းတည်ရှိနေဆဲနေရာဒေသတွေကို အပျိုစင် ဆိုတဲ့ စကားလုံးနဲ့ တင်စားတာမျိုး ဖတ်ခဲ့ဖူးသည် ။

ထူးကတော့ လူအများစု သွားလာလည်ပတ်နေတဲ့ နာမည်ကြီးကမ်းခြေလို နေရာမျိုးတွေ , Resort လို နေရာမျိုးတွေထက် ဒီလို အပျိုစင် နေရာမျိုးတွေကို ပိုသဘောကျသည် ။ ကိုယ်တိုင်က လူများများနဲ့ နေရထိုင်ရတာကို သဘောမကျတတ်လို့ပဲလားတော့မသိ ။

ငှက်အော်သံ ၊ လေတိုးလို့ သစ်ရွက်တွေလှုပ်ခတ်တဲ့အသံ တွေကအစ သဘာဝအတိုင်း ကြားနေရသည်မှာ ထူးအတွက်တော့ တကယ်ကို ကြည်နူးစရာကောင်းလှသည် ။

ဒီနေရာလေးကို ညွှန်းပေးတဲ့ ကိုနောင့်ကို ကျိန်းသေပေါက် ကျေးဇူးတင်စကား ပြောရပါဦးမည် ။

" ဦးသာ ရေထဲမဆင်းဘူးလား "

" မဆင်းတော့ဘူး ၊ မင်းလည်း ရေနက်တဲ့ဘက်ကို မသွားနဲ့နော် ချမ်း ၊ မင်းအဝတ်အစားတွေရေစိုကုန်လို့ မဖြစ်ဘူး ၊ အအေးမိလိမ့်မယ် "

" ဟုတ်ကဲ့ပါ ၊ ကျွန်တော် ဒီနားလေးမှာပဲ နေမှာပါ "

ကျောက်တုံးပေါ်မှာထိုင်ပြီး ရေတွေကို ခြေဖြင့်ခတ်လိုက် ၊ ဘေးမှာချထားသောခြင်းထဲက စပျစ်သီးတွေကိုယူစားလိုက် ၊ ပတ်ဝန်းကျင်ကို ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်လိုက်နှင့် ချမ်းပုံစံလေးက အတော်ကြီးကို ပျော်ရွှင်နေဟန်ရှိသည် ။

တော်တော်ကြီးကြာအောင် သူလုပ်ချင်ရာတွေလုပ်လို့ပြီးမှ ထူးထိုင်နေသည့်ဘေးက ခပ်နိမ့်နိမ့်ကျောက်တုံးလေးပေါ် လာထိုင်ကာ

" ဦးသာ ကျွန်တော် ဒီကို ဦးသာနဲ့တူတူ လိုက်လာမိတာ အရမ်းမှန်သွားတယ် သိလား "

" မင်းပျော်ရင်ပြီးတာပါပဲ ၊ ငါက မင်းပျင်းပြီး စိတ်ညစ်နေမှာပဲစိုးတာ "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Tahanan ng mga kuwento. Tumuklas ngayon