အပိုင်း - ၄၆ (Zawgyi + Unicode)

25.2K 2.7K 508
                                    

#For Zawgyi

ဒီရက်ပိုင်းထဲ ချမ်းတို့တစ်အိမ်လုံး အလုပ်ရှုပ်နေကြသည် ။ အကြောင်းရင်းက ဦးသာနဲ့ ချမ်းနဲ့ရဲ့ မင်္ဂလာဆွမ်းကျွေးအစီအစဉ်အတွက်ပင် ။ အခုလည်း ဆွမ်းကျွေးကိုလာမယ့် ဧည့်သည်စာရင်းတွေကို မေနဲ့လေးငယ်က အကြိတ်အနယ်ရေးမှတ်နေကြ၏ ။

လာမယ့်သူအများစုကတော့ ဆွေမျိုးသားချင်းတွေပါပဲ ။ တစ်ချို့တလေကလည်း အသိအမှတ်မပြု၍ မလာနိုင်ကြဟု ဆိုသည် ။ ချမ်းစိတ်ထဲတော့ သူတို့ဟာသူတို့ လာလာ,မလာလာ ဘယ့်နှယ့်မှမနေပါ ။ ဆွေမျိုးသားချင်းဖြစ်၍ ကိုယ့်ဘက်က ဝတ္တရားရှိသည့်အတိုင်း အသိပေးလိုက်ရုံသာ ။ နောက်တစ်ခုက ဦးသာ နဲ့ ချမ်းဟာ တရားဝင်သက်ဆိုင်သူတွေဖြစ်သွားပြီဆိုတာ သိစေချင်တာလည်း ပါသည်ပေါ့ ။

မေက နာမည်တွေ စာရင်းလုပ်နေရင်းမှ

" ပရိဘောဂအသစ်တွေဝယ်ပြီး အခန်းပြင်ဖို့စီစဉ်ပါဦး လူလူရေ "

" အခန်းက မပြင်နဲ့တော့ မေ "

ချမ်းရဲ့တားမြစ်သံကြောင့် မေက အံ့သြသလိုကြည့်လာသည် ။

" ဘာဖြစ်လို့လဲ ချမ်းလေးရဲ့ ၊ နှစ်ယောက်နေဖို့အတွက်ဆို နည်းနည်းတော့ပြင်မှရမှာလေ "

" လက်ထပ်ပြီးရင် ဦးသာရဲ့ကွန်ဒိုမှာပဲ လိုက်နေမလို့ "

လေးငယ်ဟာ ချက်ချင်းကို မျက်လုံးကြီးပြူးကာ ကြည့်လာပြီး

" ဟေ့ကောင်...ဒီကိစ္စက ထူးမသိသေးဘဲ မင်းဟာမင်းကြံစည်နေတာမဟုတ်လား "

" အင်းလေ ၊ ဦးသာကတော့ ဒါမျိုးကို ဘယ်စိတ်ကူးလိမ့်မလဲ လေးငယ်ရဲ့ ၊ သေချာပေါက် လေးငယ်တူကလေးရဲ့ စိတ်ကူးပဲပေါ့ "

ဦးသာက အလုပ်ကိစ္စနဲ့ မန္တလေးကို ခေတ္တသွားနေချိန်မို့ ချမ်း စိတ်ရှိတိုင်းလုပ်နေခြင်းသာ ။

" မမ...ဒီကောင်ကို နားရင်းတစ်ချက်လောက် အုပ်လိုက်စမ်းပါ ၊ ကျွန်တော် တော်တော်ကိုကြည့်မရဖြစ်နေပြီ "

လေးငယ်ဘယ်လိုပဲ ချွန်တွန်းလုပ်ပြီးမြှောက်ပေးပေး မေကတော့ ထုံးစံမပျက်ပြုံးလျက်သာပါပဲ ။

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now