6

1K 68 0
                                    

နှောင်ကြိုး ( trouble maker)
BXG Fanfic

(6)

လှံထမ်းလာတာကိုပဲမြင်တာ၊ ကံထမ်းလာတာကိုကျတော့မမြင်ရဘူးတဲ့။
သူတို့တစ်တွေဆီကိုဝင်လာတဲ့ကံကြမ္မာဟာ...
ကောင်းခြင်းနဲ့မကောင်းခြင်းဘယ်အရာကပိုအလေးသာခဲ့ပါသလဲ။

ကြိုးကလေး'ကိုခေါ်လာခဲ့တာခဏလေးပေမယ့်...
ပြည်တော်မပြန်နိုင်ဖြစ်သွားတဲ့အခါ...

"ကန့်ကွက်စရာအကြောင်းမရှိဘူး၊ ကျွန်တော်နဲ့ပတ်သက်တယ်လို့ကိုမထင်တာ"

ကျောက်စိမ်းကလက်မှတ်ထိုးပေးရမယ်ဆိုလို့...မွေးစာရင်းနဲ့အပြီးပိုင်လွဲပြောင်းကြောင်းကိုအားလုံးကျေနပ်စွာလုပ်ပေးသည်။
ခက်နေတာကဦးသျှောင်ပါ...

"မေမေလေးတို့အိမ်မှာခေါ်မွေးထားဖို့ကကျွန်တော်နဲ့ပတ်သက်သလား"

"အို...အဲလိုမဟုတ်ဘဲနဲ့၊ လက်မှတ်လေးထိုးရုံကူညီရုံလေးကူညီပေးပါသားရယ်"

အကြောင်းပြချက်တွေသဘောမကျပေမယ့်...လက်ခံမိပါသည်။
ဒီအိမ်ရဲ့အစစအရာရာကသူချုပ်ကိုင်ရတာတွေများနေပြီမို့လို့...မိသားစုကိစ္စသူ့ကိစ္စတွေပါပဲ။
ဘာမှမတော်တဲ့မွေးစားမယ့်ကလေးသေးသေးလေးကိုတယုတယဖြစ်နေကြတာကိုနည်းနည်းလေးတော့...
ဘဝင်မကျပေမယ့်...
သိပ်ချစ်ဖို့ကောင်းနေတဲ့ပါးဖောင်းဖောင်းနဲ့အကောင်လေးကြောင့်ကြည်နူးရပါသည်။
တောက်တီးတောက်တဲ့နဲ့တွားသွားတတ်တဲ့အခါလည်သားလေးက...
အမြဲပြုံးချိုနေတတ်ကာ...သူငယ်ငယ်ကနဲ့တူသည်တဲ့။
အော်...ဘာမှလဲမဆိုင်ဘဲနဲ့။

"တီရဲချီမယ်...လာခဲ့"
တအိမ်လုံးဘယ်နေရာသွားသွားကလေးလေးကို က်ပေါ်ကမချတဲ့ရဲရဲကအသည်းဆုံး။

"မေမေ...ကျွန်တော်လာတုန်းကထိန်းနေတယ်ဆိုတာအဲဒီကလေးလေးလား"

"အင်း...ဟုတ်တယ်"

"အိမ်နားကဆို၊ အခုတော့ဘယ်လိုလုပ်လိပ်စာကမေမေ့အိမ်လိပ်စာဖြစ်နေတာလဲ"

"ဒီလိုပါပဲ...အပြောင်းအရွေ့ပေါ့အေ၊
ဟဲ့....ကလေးဘာလို့ငိုနေလဲ"

ပြောနေကြရင်းနဲ့ကလေးကအာခေါင်ခြစ်ပြီးငိုနေတာ...ဒုတိယအထပ်မှာဖြစ်သည်။
တက်များတက်နေတာလား...
မြန်မြန်ဆန်ဆန်ပြေးလွှားသွားနိုင်တာဦးသျှောင်ပဲရှိတာမို့...
ရှေ့ကပြေးတက်သွားတဲ့အိမ်အကူမယ်ထွေးကိုကျော်ပြီးဒုတိယထပ်ရောက်သွားသည်။

နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)Where stories live. Discover now