113

551 23 1
                                    


နှောင်ကြိုး ( trouble maker)
BXG Fanfic

(113)

မနက်ပိုင်းနှစ်ရက်တိတိသျှောင်ကဂျူတီချိန်စောလို့...အစောကြီးထ,ထသွားနေခဲ့တာ...
ကျောက်စိမ်းနဲ့လုံးဝမျက်နှာချင်းမဆိုင်ဖြစ်ဘူး။
သူပြန်လာတဲ့အချိန်တွေဆိုရင်လည်း...
ငတိကအစောကြီးအိပ်နေပြီးသား...။
နေ့လည်ထမင်းစားချိန်တွေဆိုရင်လည်းသူ့ကိုအရှောင်တိမ်းကောင်းနေတာ...
ဖုန်းဆက်လဲမကိုင်ဘူး။
မက်ဆေ့ပို့လည်းစာမပြန်ဘူး။
သူလည်းအလုပ်နည်းနည်းလေးရှုပ်တော့...
ကျောက်စိမ်းရှိရာကိုခြေဦးသိပ်မလှည့်နိုင်ခဲ့ဘူးလေ...။
အခုထိကောက်တော်မူနေတုန်းပဲဆိုတာသိပေမယ့်...ချော့ဖို့အခွင့်ရေးမသာတော့စိတ်ရှုပ်နေရတာပါ။

ဒီမနက်တော့...သူ့ဂျူတီချိန်ကနောက်ကျမှသွားရမှာမို့...
ကျောက်စိမ်းကို...ကပ်စီးစီးလုပ်ပြီးချော့ရမည်။
မနက်ခုနစ်နာရီ...
သူနှိုးလာတဲ့အထိငတိလေးကမနှိုးသေးဘူး။
အနားထပ်တိုးကာ...ရင်ခွင်ထဲဆွဲသွင်းပစ်လိုက်ပြီး...
ပါးဖောင်းဖောင်းလေးနဲ့နှာခေါင်းလုံးလုံးလေးကိုဆွဲဖျစ်ဆော့ကစားလိုက်တော့...
တလှုပ်လှုပ်နဲ့ငတိလေးက...နှိုးလာခဲ့၏။

နှိုးလာတာနဲ့ချက်ချင်းပဲ...သူ့ကိုဖက်ထားတဲ့လက်တွေကိုအရင်ခွာချ၏။
သျှောင်က...တမင်သက်သက်တင်းအောင်ဖက်ထားတာမို့...
ရုန်းလို့မလွယ်ဘဲဖြစ်နေတော့....
ကျောက်စိမ်းတအိအိနဲ့အသံလေးတောင်ထွက်လာခဲ့သည်။

သူဖက်ထားတဲ့လက်ကိုဘုကြည့်ကြည့်ပြီးတော့ဆွဲဖယ်သည်။
လက်မောင်းတွေမှာအားပါနေတော့...အလွယ်တကူဖယ်လို့မရ။
ကျစ်...
ဘာတုန်းကွာ...အသေပဲဖက်ထားတာ...
ဦးသျှောင်ကအိပ်နေတာရောဟုတ်ရဲ့လား...။
သံသယတွေဝင်လာတော့...သူဖက်ထားတဲ့လက်ကိုလက်သည်းနဲ့ကြိတ်ပြီးကုတ်ပစ်လိုက်တာ...
အား..!.ကနဲထအော်ပြီးတော့...
ဦးသျှောင်အိပ်ယာပေါ်ထ,ထိုင်ပါလေရောပဲ။

"ဟာ့...ကျောက်စိမ်း...ရက်စက်လှချည်လား...
အဲလောက်တောင်ကုတ်ရသလား..."

နှိုးနေတာကိုအိပ်ချင်ယောင်ဆောင်နေတာပဲကိုး...ဟွန့်...သေပေါ့...။
ဦးသျှောင်ကရှုံ့မဲ့လို့သူ့လက်ကိုသူပြန်ပွတ်နေတာ...
မြင်ပေမယ့်...ကျောက်စိမ်းကဘာမှမပြောဘဲ...
ဘုကြည့်လေးနဲ့ငြိမ်နေကာ...အိပ်ယာပေါ်ကနေဆင်းကာ...ရေချိုးဖို့ပြင်တော့၏။

နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)Where stories live. Discover now