47

826 53 9
                                    


နှောင်ကြိုး ( trouble maker)
BXG Fanfic

(47)

သုံးနှစ်အရွယ်ကလေးတစ်ယောက်ရဲ့ပျော်ရွှင်မှုကိုခင်ဗျားတို့ဘယ်လိုမြင်သလဲ။

ကြိုးကလေးကအသက်သုံးနှစ်ပဲရှိသေးတာပါ။
သူညတိုင်းပါးပါးနဲ့ရန်မဖြစ်ပါဘူး။
ဒီညမှာ...
သူ့ပါးပါးနဲ့ဖေဖေတို့စကားတွေအကြာကြီးပြောနေကြတာကိုမြင်ရတော့သူသိပ်ပျော်သွားခဲ့ပါတယ်။
ချင်ချင်းကိုကုတင်ပေါ်ကဆင်းပြေးလာခဲ့ပေမယ့်...
ပါးပါးက...ပါးပါးက...စိတ်ချမ်းသာနေပုံရတဲ့မျက်နှာနဲ့...
ပြုံးနေရင်းမျက်ရည်တွေကျနေခဲ့တာ...
ဘာလို့ငိုနေသလဲစိတ်ပူမိပါသေးတယ်။

ဒါပေမယ့်...
ပါးပါးပုံစံကအရမ်းကိုကြည်လင်ပျော်ရွှင်နေတာပါ။
ကြိုး...က သကြားလုံးတစ်နေ့သုံးလုံးပဲစားရတာပါ။
အဖွားကသိပ်မကျွေးချင်ပါဘူး။
ရင်ကြပ်တယ်၊ ချောင်းဆိုးတယ်ဆိုလား။
ကြိုး...စားနေကျသကြားလုံးကိုတနေ့တာလုံးမှာပထမဆုံးစားလိုက်ရတဲ့ပျော်ရွှင်မှုမျိုးလို...
ပါးပါးပျော်ရွှင်ခံစားနေရတယ်လို့အလိုလိုထင်မိပါတယ်။

နောက်ပြီးတော့...
မိသားစုလို့အဖွားကပြောပြောတဲ့...
ပါးပါးနဲ့ဖေဖေ့ပတ်သက်မှုကဘယ်လိုမျိုးလဲဆိုတာကိုအခုထိသေချာမသိသေးပါဘူး။
နားမလည်ပါဘူး။
ဒါပေမယ့်လေ...
မှုန်တေတေနဲ့ကျောက်စိမ်းဆိုတဲ့...
ဖေဖေကပါးပါးကိုအဲဒီလိုစကားပြောနေတတ်ခဲ့တာကိုသူ့အသက်သုံးနှစ်မှာပထမဦးဆုံးမြင်ဖူးခဲ့ရတာပါ။
ပါးပါးနဲ့ဖေဖေကအဲလိုလေးငြိမ်သက်ပြီးတော့...
တိတ်ဆိတ်နေတာမျိုးကိုပထမဆုံးမြင်ဖူးတာပါ။
ပထမဆုံး...
ဖေဖေကျောက်စိမ်းနဲ့...တွေ့ခဲ့တုန်းကသူ့အပေါ်ကိုခါးသီးခဲ့တဲ့ပုံစံကိုမှတ်မိနေဆဲပါ။
သိပ်ပြီးသန့်ပြန့်ချောမောတဲ့ပါးပါးအရွယ်လူကြီးကလေ...
ကျွန်တော့်ကိုမလိုချင်ဘူးဆိုတဲ့ခံစားချက်မျိုးရခဲ့တာကိုမကျေနပ်ပါဘူး။
သူ့ကိုတွေ့လို့ခဏလေးဝင်းလက်သွားတဲ့ဦးဦးကျောက်စိမ်းရဲ့မျက်ဝန်းညိုတွေကိုသူအစကတည်းကတွေ့ခဲ့ပြီးသားပါ။
ကြိုးကလေးကစပြီးတော့...ဖေဖေကျောက်စိမ်းကိုလိုက်ကပ်ခဲ့တာ၊
အလိုလိုရင်ထဲကဖြစ်ပေါ်လာတဲ့ဆန္ဒပါ။
ဖေဖေ့အိမ်ကိုစရောက်တဲ့ဆယ်လသားမှာ...
ဖေဖေကျောက်စိမ်းရဲ့အခန်းလေးဟာသူ့ကိုနွေးထွေးမှုပေးပါတယ်။
ဖေဖေ့ရင်ခွင်ထဲမှာကိုးလတောင်ကွေးကွေးလေးနေရတယ်ဆိုတဲ့ခံစားချက်နဲ့အဲဒီအခန်းလေးကအရမ်းနွေးတာပါ။
ကလေးဆိုပေမယ့်...တိတိကျကျမသိပေမယ့်...
ခံစားတတ်ခဲ့ပါတယ်။

နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)Where stories live. Discover now