BXG Fanfic(81)
ကျောက်စိမ်းရဲ့ဖုန်းနံပတ်ကိုရထားတာကြာလှပြီ။
မှတ်မှတ်ရရ...ဟန်နေဆိုင်ကယ်မပါခဲ့လို့ကားကြုံလိုက်စီးတဲ့နေ့ကပါ။
ဦးသျှောင်ကတယောက်ယောက်နဲ့အကြာကြီးဖုန်းပြောနေခဲ့တာ...
ဘာတွေပြောမှန်းအဲဒီတုန်းကနားမလည်ခဲ့ဘူး။
မိန်းမ'လို့ခေါ်တဲ့အခါခေါ်နေပြီး၊
ကျောက်စိမ်း'လို့လဲခေါ်နေသေးတာကိုကြားခဲ့ရသည်။အဲဒီတုန်းကသူ့ဖုန်းအားတကယ်ကုန်ပြီးတော့ဖုန်းပိတ်သွားခဲ့တော့...
ဦး'ရဲ့ဖုန်းကိုတောင်းပြီးဆက်ရတာ...
ဖုန်းရဲ့ပါ့စ်ဝါ့ဒ်တောင်မှသုညလေးလုံးလို့သိခဲ့ရသေးတယ်...။
အဲဒီကတည်းကမှတ်ရလွယ်တဲ့ကျောက်စိမ်းရဲ့ဖုန်းနံပတ်ကိုမှတ်မိခဲ့တာ...
အမှတ်တမဲ့လား၊ တမင်တကာလားတော့သေချာမသိခဲ့ပေမယ့်...
မှတ်မိခဲ့တယ်ဆိုတာတော့အသေအချာပဲ...။
ဒီနေ့ဖုန်းနံပတ်တောင်းတာကတမင်ဆကာအယောင်ပြသက်သက်ပါ...။"ဟဲလို...ကို...ကိုကျောက်စိမ်းရဲ့ဖုန်းနော်"
"အင်း...ဘယ်သူလဲ"
"ကျွန်တော်...ဟန်နေပါ"
အဲကောင်ဖုန်းလား...
တညတုန်းက missed call ဝင်ထားဖူးတာကိုကျောက်စိမ်းမှတ်မိနေတာ၊
ဘယ်တုန်းကမှသူစိမ်းဖုန်းအဲလိုမလာဖူးတော့မှတ်မှတ်ရရဖြစ်နေတာ။
ဘာကိစ္စရှိသလဲလို့တွေးရင်းနဲ့....."ဟဲလို...ကြားရသေးလား"
"ပြော..!...."
ကျောက်စိမ်း...အသံကဆောင့်ပြီးထွက်လာတာ...ဖုန်းတစ်ဖက်မှာနားကွဲမတတ်ပါပဲ။
ဟန်နေဆိုတဲ့ငနဲလန့်တောင်သွားတယ်...။"အာ...အသံလေးနည်းနည်းလျော့ပေးလို့မရဘူးလား၊ ကြောက်စရာတောင်ကောင်းတယ်"
"ငါနဲ့ဘာကိစ္စရှိလဲ၊
အဲဒါကိုပြော၊
မင်း...ငါ့အသံကိုနားထောင်ချင်တာဆိုရင်တော့ဖုန်းချလိုက်၊ ငါမင်းကိုပြောစရာမရှိဘူး""ဟာ...စိတ်ကြီးတယ်နော်၊ နည်းနည်းလျော့ပါလား၊
ပြောရမှာတောင်လန့်တယ်""ငါကမင်းကို...ဘာကိစ္စနဲ့လိုက်လျောပေးရမှာလဲ၊
မင်းကိစ္စရှိတာကိုသာပြော၊ အပိုတွေသိပ်မတောင်းဆိုနဲ့"
YOU ARE READING
Fanfictionနှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ) နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)