BXG Fanfic(138)
ပေးဆပ်တတ်တဲ့သူကပိုချစ်တယ်လို့ဆိုကြတယ်...။
ယူတဲ့သူကကျတော့ပျော်ရွှင်ရပြီး...ပြန်ချစ်ဖို့မေ့နေကြတတ်တယ်တဲ့...။သျှောင့်အတွက်ကတော့...အမေ့ခံနေရလဲကိစ္စမရှိပါဘူး...။
ပေးနိုင်သမျှပေးနေရတာကိုပဲသူပျော်နေမိလို့ပါ...။
ဘဝမှာ...ဒီလူသားတစ်ယောက်ကပဲသူ့အတွက်အရေးအကြီးဆုံးမို့လို့...။အလုပ်သွားဖို့ရေချိုးလို့ပြင်ဆင်ပြီးတဲ့အထိ...
ကျောက်စိမ်းကအိပ်လို့ကောင်းနေတုန်းပဲ...။
သူ...အိပ်ယာနိုးရင်လဲမယ့်အဝတ်ကအစ...
သွားတိုက်ဆေးအဆုံး...
သောက်ရမယ့်ဆေးတွေအပါအဝင်...အကုန်အသင့်ပြင်ပြီးတော့မှ...
အိပ်ယာဘေးလာရပ်ပြီးတော့...
စောင်ထုပ်လေးကြားကဖြူဖွေးနုထွေးနေတဲ့အကောင်ပေါက်လေးကိုတမြတ်တနိုးနဲ့ငေးကြည့်မိတယ်...။ဗိုက်လေးပူလာပြီးကတည်းက...ကလေးမွေးပြီးတဲ့အထိ.....
အပြင်ထွက်ပြီးဆံပင်ညှပ်ဖို့အဆင်မပြေလို့မညှပ်ဘဲထားထားမိတဲ့သူ့ဆံပင်လေးတွေကဖိုသီဖတ်သီနဲ့ဂုတ်ထောက်ချင်နေပြီ...။အသည်းယားစရာကောင်းလွန်းတဲ့...သူ့ရဲ့ပါးစုံ့ဖောင်းဖောင်းလေးက...မျက်နှာတစ်ခြမ်းကိုဖုံးကွယ်ထားတဲ့ဆံပင်အချို့ကြားမှာတစွန်းတစမြင်နေရတာ...
မနေနိုင်မထိုင်နိုင်နဲ့ငုံ့လို့နမ်းမိပြန်တယ်...။ဘယ်တုန်းကမှငြီးငွေ့ဖွယ်ရာမရှိမယ့်....အိစက်ညက်ညောပြီးစွဲမက်ချင်စရာကောင်းတဲ့အထိအတွေ့လေးပါပဲ...။
ပါးဖောင်းဖောင်းလေးကိုချစ်လိုက်တာ....။
အိပ်နေတာနိုးသွားမှာစိုးလို့...ဖွဖွလေးပဲနမ်းလိုက်မိတာတောင်မှ...
ကျောက်စိမ်းက.....
"အင့်...".....ကနဲ....ညည်းသံသေးသေးလေးထွက်လာပြီးတော့...
မျက်တောင်ဖျားလေးတွေတဖျတ်ဖျတ်လှုပ်ကာနှိုးသွားခဲ့တယ်...။"အိပ်နေတာနှောင့်ယှက်မိသွားသလား...."
ငုံ့မိုးလို့ကြည့်နေရာကနေ....
တိုးလျှိုးတောင်းပန်သလိုပြောရင်းနဲ့...သျှောင်ကအလှဆုံးပြုံးပြတော့....
ကျောက်စိမ်းကခေါင်းကိုအသာလေးခါယမ်းတယ်...။
ČTEŠ
Fanfikceနှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ) နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)