27

878 43 0
                                    

နှောင်ကြိုး ( trouble maker)
BXG Fanfic

(နှစ်ယောက်သားကိုအပေါ်အောက်တလှည့်စီသွားပေးမယ်ဆိုပေမယ့်...
ဒီကျောရိုးကိုက Zhanyi ဖြစ်နေလို့တရားမမျှတမိရင်တောင်းပန်ပါတယ်)

(27)

မအေးအေးဝင်းကဘာစီစဉ်သလဲမသိဘူး။
ညဘက်တွေဆိုဦးသျှောင်ကစီစဉ်သူပဲ။
ဘာမှလာမပြောနဲ့...
ချစ်လို့တဲ့။
အမြဲပဲ...ကျောက်စိမ်းပြန်သွားရင်သူပြုံးပြီးအိပ်မက်မက်ရင်းကျန်ခဲ့တာ၊
သီချင်းလေးတောင်ညည်းလို့...

အိပ်ပါတော့ကွယ်...ကြောင်ကြီးကိုက်လိမ့်မယ်...
အိပ်ယာကနိုးရင်ကြောက်ရွံ့ရဦးမယ်။ ...တဲ့။

မနက်ဖြန်မင်းကိုကြည်လင်နေတာပဲတွေ့ချင်တယ်။
ငါ့ကိုမြင်ရင်...ရင်ခုန်ပေးပါ။

ခိုးစားတဲ့သူနဲ့...ခိုးကျွေးတဲ့သူနဲ့...
တနေ့တော့ထိပ်တိုက်ဆုံဦးမယ်။

xxxxx

တိတ်တိတ်လေးပဲလိုက်ချောင်းနေရင်း...
သူ့ကိုမြင်တဲ့အချိန်တိုင်းမြတ်နိုးတဲ့စိတ်တွေတရိပ်ရိပ်တက်နေတာ၊
ဘယ်လိုထိန်းထိန်းကျောက်စိမ်းကိုမြင်တာနဲ့ပြေးပွေ့လိုက်ချင်တဲ့စိတ်တွေကိုတားမရဘူး။
သူ...လန့်နေတုန်းပဲလား...ဟားဟား။

"ဖေ...အဲ...ဦးဦး၊ မောနင်း"

နှုတ်ဆက်တတ်ဖို့သေချာသင်ပေးထားတော့ကြိုးကလေးကအမြဲနှုတ်ဆက်သည်။

"......မော...နင်း"
ကလေးလေးကိုသူသိပ်မရင်းနှီးချင်ပေမယ့်...ပြုံးတုံးတုံးလေးနဲ့ကြိုးကလေးကသူ့ဆိုမြင်တာနဲ့...ကြောက်ခြင်းရွံ့ခြင်းမရှိခဲ့ဘဲ၊
ချစ်စရာကောင်းအောင်နှုတ်ဆက်တတ်သည်။

"ပါးပါး...ပြန်လာတယ်တဲ့"

"ဟို...အေး...ဟုတ်မယ်"

အူတူတူနဲ့ကလေးကိုဘယ်လိုပြောရမှန်းမသိဘဲ...ကျောက်စိမ်းကစကားထစ်သည်။
အဟင်း...ကလေးနဲ့တောင်စကားပြောမဖြောင့်ဘူး။
တွေးနေဆဲ...မျက်လုံးရှေ့ကနေအဖြူရောင်အရိပ်ကလေးကထွက်သွားခဲ့ပြီ။
ဟူဒီအဖြူလေးနဲ့သိပ်ကိုနူးညံ့နေလိုက်တာ...

"ပါး...ဘာလုပ်နေတာလဲဟင်"

"ဟင်...အဲ၊ ကြိုးကလေး...ထမင်းစားပြီးပြီလားကွ...ဟင်"

နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)Where stories live. Discover now