13

998 57 7
                                    

နှောင်ကြိုး ( trouble maker)
BXG Fanfic

(13)

ဖြောင့်လွန်းလို့ခက်တယ်။
ကျောက်စိမ်းရဲ့စိတ်ဓါတ်ကျရခြင်းအကြောင်းရာတွေမှာအဲဒါထိပ်ဆုံးက။
ခန္ဓာကိုယ်ရဲ့လိုအင်တွေပြင်းပြလာပြီဆိုရင်သူ့အတွက်ငရဲပဲ။
ဘယ်ချောင်ကိုပြေးကပ်ရမှန်းမသိလောက်အောင်ကိုစိတ်တိုတယ်။
အရွယ်ရောက်ပြီးသားယောကျာ်းလေးတစ်ယောက်ကလိင်ကိစ္စတွေစိတ်မပါဘူးဆိုရင်ညာတာပဲ။
သူ...ကိုယ့်ဘာသာညာခဲ့ပါတယ်။

သဘာဝတရားကိုမလွန်ဆန်နိုင်ဘဲစိတ်ဆန္ဒတွေပြင်းထန်လာပြီဆိုရင်...
ဆေးတွေသုံးမယ်၊ အရက်ကိုမူးအောင်သောက်မယ်။
သောင်းကျန်းမယ်၊ မှောက်အိပ်မယ်။
ဆေးဝါးတွေသုံးရင်းနဲ့အတွေးတွေကိုတိမ်ပေါ်လွင့်ရင်းကိုယ့်ဘာသာညာတယ်...
ငါ...အဲဒီသွေးသားခံစားချက်တွေဖျောက်ရမယ်။
အချိန်တွေကြာလာတာနဲ့အမျှကိုယ့်ဘာသာညာရမှာအရမ်းပင်ပန်းလာခဲ့တာကိုသူသိတယ်....။

အဲဒီစိတ်တွေဖြစ်လာတိုင်းစိတ္တဇဖြစ်ရတယ်။
ရည်းစားလဲမထားနိုင်ဘူး၊
တခြားလူတွေလို.....ကလပ်သွားပြီးလဲငွေပေးမပျော်ပါးနိုင်ဘူး။
အဲဒီ...အားနည်းချက်ကြောင့်ကိုယ့်ဘာသာအားငယ်ပြီးတော့...စိတ္တဇဖြစ်ရတယ်။

ငါ့တစ်သက်တာလုံးဒီအတိုင်းကုန်ဆုံးသွားရမှာလား။
ပုံမှန်ယောကျာ်းတစ်ယောက်လိုချစ်ခြင်းမေတ္တာနဲ့သွေးသားရောနှောမှုကိုသူမရနိုင်တော့ဘူးလား။
ယောကျာ်းတစ်ယောက်ရဲ့သွေးသားဆန္ဒမှာသူ့ဘဝအစိတ်အပိုင်းတွေက...
မဟုတ်ဘူး...ဘဝကြီးတစ်ခုလုံးကပျက်သုဉ်းခဲ့ရတာ။

သူ့ဘဝကြီးတစ်ခုလုံးကံဆိုးမိုးမှောင်ကျသွားတာဦးသျှောင့်ကြောင့်ပဲ။
သူကသာ...ငါ့အပေါ်မယုတ်မာခဲ့ဘူးဆိုရင်...
သူကသာငါ့အပေါ်စာနာတတ်ခဲ့မယ်ဆိုရင်...
ညှာတာတတ်ခဲ့မယ်ဆိုရင်...
ငါဒုက္ခရောက်ခဲ့မှာမဟုတ်ဘူး။
ငါ့စိတ်တွေဒဏ်ရာရာမှာမဟုတ်ဘူး။
ငါ့ဘဝကြီးပျက်စီးမှာမဟုတ်ဘူး။

ညီအစ်ကိုအချင်းချင်းငါ့အပေါ်စော်ကားတယ်
ယုတ်မာတယ်ဆိုတဲ့စိတ်ခံစားချက်ကပျောက်မသွားခဲ့ဘူး။
မုဒိန်းကျင့်ခံရတယ်ဆိုတဲ့စိတ်ကိုတလွဲကြီးစွဲနေခဲ့တဲ့ကျောက်စိမ်း...

နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)Where stories live. Discover now