BXG Fanfic(နှစ်ယောက်သားကိုအပေါ်အောက်တလှည့်စီသွားပေးမယ်ဆိုပေမယ့်...
ဒီကျောရိုးကိုက Zhanyi ဖြစ်နေလို့တရားမမျှတမိရင်တောင်းပန်ပါတယ်)(28)
ငယ်ငယ်တုန်းကဆော့တဲ့ဇယ်ခုံလေးကိုအိမ်စတိုခန်းရဲ့ထောင့်တနေရာမှာတွေ့တော့ဦးသျှောင်ကယူထုတ်လာကာဖုန်တွေစင်သွားအောင်လို့ရေနဲ့သေချာဆေးနေသည်။
ပြီးမှအဝတ်စနဲ့သုတ်ပြီးသန့်စင်ကာဇယ်ခုတ်တဲ့နည်းလေးတွေကြိုးကလေးကိုသင်ပေးမလို့။"ကိုကိုကြီး...အမဲဆီနည်းနည်းထည့်သုတ်ရင်ကောင်းမလား"
"အိုကေ...ငါသွားယူမယ်၊ နင်ကြိုးကလေးကိုကြည့်ထား"
ရဲရဲလည်းဘွဲ့တောင်ရတော့မည်။
လူကြီးဖြစ်နေပြီလေ။
အိမ်ထောင်မပြုပါဘူးချည်းပြောနေတာ၊
ဘယ်လိုဆုံးမမ...မရဘူး။
သူတို့ချင်းလက်ထပ်ထားတာကိုအမျိုးတွေနဲ့အနည်းအကျဉ်းပဲသိခဲ့ကြတာမို့ဒီအချိန်မှာအားလုံးကမေ့မေ့ပျောက်ပျောက်ပါ။
ကြိုးကလေးကိုမွေးစားလိုက်တော့အိမ်မှာဆည်းလည်းလေးလိုဖြစ်နေကာ...
အမြဲစိုပြေနေပါသည်။
ဒီကောင်လေးလည်းတော်တော်ထွားလာခဲ့ပြီ။"ဒီမှာ..ပါးပါးကိုကြည့်...ဒီလိုလေး...ဟုတ်ပြီ၊ လုပ်ကြည့်"
သေချာကိုကြိုးကလေးကိုရင်ခွင်ထဲထားပြီးတော့ကိုသင်နေတာ...
တကယ့်သားအဖလိုပဲ။
အောက်ဆင်းလာတဲ့ကျောက်စိမ်းကဒါကိုမြင်ရတော့...ရင်ထဲမှာလှိုက်နွေးနေခဲ့သည်။
သျှောင်ကကလေးချစ်တတ်သလိုထိန်းတတ်သားပဲ။
"ရပြီ""အဟီး...တော်တာ...လာခဲ့၊ မွ...မွ"
ရင်ခွင်ထဲကကြိုးကလေးကခေါင်းလေးအပေါ်ကိုမော့ကြည့်တော့...
သျှောင်ကပါးလေးကိုလှမ်းငုံ့နမ်းနေတာပါ။
ကြည်နူးနေခြင်းကဧည့်ခန်းတစ်ခုလုံးကိုလွှမ်းခြုံထားသည်။
ကျောက်စိမ်းအတွက်ကတော့...ကမ္ဘာခြားနေခဲ့သလား။
ရင်နာသလိုလိုဆို့နစ်သလိုလိုနဲ့...
ဘဝကလိုတာမရဘူး...ရတာကိုလည်းသူမနှစ်မြို့ခဲ့မိဘူးလေ။"ကိုကိုလေး...လာခဲ့လေ၊ ကြိုးကလေးကိုဆော့ကူဦး၊ လူများရင်ပိုစည်မှာ"
ΔΙΑΒΑΖΕΙΣ
Fanfictionနှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ) နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)