23💖

915 54 3
                                    

နှောင်ကြိုး ( trouble maker)
BXG Fanfic

(23)

"ဘာလာရှာတာလဲ"

"အား...!...လန့်တာ"

သူ့အခန်းဝမှာကုပ်ချောင်းချောင်းနဲ့ကျောက်စိမ်းကတခုခုကိုလာရှာနေတာပါ။
သူ့အသံကြားလို့တုန်နေအောင်လန့်သွားရှာတာ၊
သူသိတာပေါ့...အဟွန့်...

"ပြောကြည့်လေ"

ဦးသျှောင်...မှင်သေသေနဲ့နေစမ်း'လို့ကိုယ့်ဘာသာအတင်းသတိကပ်နေရတာ။
ခိုးပြုံးချင်တဲ့စိတ်ကိုဦးသျှောင်တားလို့မရ။
သူ့ရှေ့မှာကျောက်စိမ်းက...
ရူးချင်ယောင်ဆောင်ချင်ပေမယ့်...ဟန်ဆောင်လို့မတတ်တာကိုမြင်နေရတော့တကယ်အသည်းယားပါသည်။
ရယ်ချင်နေတာဘယ်လိုမှထိန်းလို့မရတော့...
လည်ချောင်းမှာချွဲမကပ်ပေမယ့်ဟန့်သည်။

"အဟမ်း...ဟမ်း"

ကျောက်စိမ်းထပ်ပြီးလန့်သွားတာ...ခေါင်းလေးတောင်ပုဝင်လို့။
ငါ့ကိုမြင်မှ...ဘာအခုမှကြောက်ပါပြီလဲ။
မင်းဒီအကွက်တွေပဲငါ့ကိုနင်းနေလိုက်ဦး၊
အခုခဏလွှတ်ထားဦးမယ်။
မင်း...အလှည့်ကျမနွဲ့ကျစတမ်းပဲနော်။
တနေ့ကြုံအုံးမှာ...
အဟွန့်...
သူ့ခါးတွေအင်မတန်အောင့်နေတာတောင်မှ...
အဲဒီဟာလေးကိုကြိုးတုပ်ရိုက်ပြီးမေးမေးကြည့်ပြီးရယ်ချင်သေးတာ။
ခိုးစားရတာကောင်းလား'လို့။
ညတုန်းကလည်းထုံးစံအတိုင်းပဲဦးသျှောင့်ကို...ကားထဲမှာပစ်ထားခဲ့တာ။
အသိလွတ်မနေတော့ခန္ဓာကိုယ်ကအဆနဲ့ပိုနာပါသည်။
ကားမှန်တံခါးလေးတော့ချပေးခဲ့တဲ့အထိတော့စိတ်ကောင်းလေးရှိနေခဲ့တာ၊
မင်းငါ့ကို...သံယောဇဉ်လေးလက်တောင့်လောက်ရှိနေတယ်လို့မထင်မိသေးဘူးလားကွ...ဟင်။
တချက်မှနမ်းမသွားဘဲနဲ့...
တချက်မှထွေးဖက်မသွားဘဲနဲ့...
လုပ်ချင်သလိုပရမ်းပတာတွေလုပ်ပြီးထားပစ်ခဲ့တာ...
ငါကလူသေကောင်ကြီးလား...ဟမ်...။
ငါ့ကိုအသည်းနှလုံးမပါဘူးလို့ထင်နေတာလား။
သွေးသားမဲ့တဲ့ဂြိုလ်သားကြီးလို့ထင်နေတာလား။
ဒါမှမဟုတ်...လက်ဝှေ့ကြိုးဝိုင်းထဲကဖွဲအိတ်ကြီးလိုထင်နေတာလားကွ။
ကလေးအထာနဲ့...သားသား...ပျော်ရင်ပြီးရောဆိုပြီး...စားစရာရှိတာကုန်အောင်စားတယ်...
ပြီးတော့...
သူ့ရင်ဘတ်ပေါ်မှာမှောက်အိပ်နေပြီးမှငိုတောင်ငိုနေလိုက်သေးတယ်။
ဟား...စောက်အသည်းယားတာပါဆို။
အဲဒီနတ်ဆိုးကောင်ကိုရင်ခွင်ထဲတင်းအောင်ဖက်ထားပြီးတော့...
မြန်မြန်ချစ်ရင်ချစ်တယ်ပြောဆိုပြီး...
ဖက်နမ်းဆွဲ့မွေ့ပစ်လိုက်ချင်တာ။
အသည်းနုတယ်ဆိုရင်လည်းဒါမျိုးကိုကစားရသလား...
ငတိရဲ့။
လူကိုအသုံးချပြီးလျှို့ဝှက်သည်းဖိုလုပ်ချင်နေသေးတာ။
ကျောက်စိမ်းတို့လွယ်ကူမနေဘူး။

နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)Where stories live. Discover now