141

505 26 3
                                    


(141)

အလုပ်ပြန်ဝင်မယ်လို့ပြောနေတဲ့အဲဒီဟာလေးကိုဘယ်လိုစီရင်ရမလဲမဆုံးဖြတ်တတ်တော့ဘူး...။
ချစ်တဲ့သူ့ကိုခလုတ်မထိဆူးမငြိဘဲနဲ့...
ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ထားချင်မိတဲ့သူ့အတ္တကမှားများနေသလား..?...

ချစ်ခဲ့မိပြီဆိုကတည်းက...
ကျောက်စိမ်းကိုသူတတ်နိုင်သမျှ...
ပြီးပြည့်စုံတဲ့ဘဝလေးပေးချင်ခဲ့တာ...။

ကိုယ့်လက်ကိုယ့်ခြေနဲ့ချစ်တဲ့သူရဲ့ဘဝလေးကိုလုံခြုံနွေးထွေးစေချင်မိတာ...

ခင်ပွန်းတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်...
အစ်ကိုတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်...
ကိုယ်ကပဲကာကွယ်စောင့်ရှောက်ပေးချင်ခဲ့တာ...

သူ့ရင်ထဲကချစ်ခြင်းမေတ္တာကဘယ်အထိကြီးမားကျယ်ပြန့်နေသလဲဆိုတာ...
မှန်းဆလို့ကိုမရနိုင်သလို.....ထုတ်ပြောဖို့လဲမဖြစ်နိုင်ဘူး...။

ချစ်တဲ့အကြောင်းလေးတွေကိုခဏခဏထုတ်မပြောဖြစ်ပေမယ့်....
မင်းနားလည်ဖို့တော့အစွမ်းကုန်ကြိုးစားနေရတာပဲ...
မြင်အောင်ကြည့်ပေးဖို့တော့လိုတယ်...။

ဖောက်ပြလို့ရရင်ငါ့ရင်ဘတ်ကြီးကိုဖောက်ပြပါ့မယ်...
ကျောက်စိမ်းရဲ့...။

ဖုန်းချသွားတဲ့အထိသျှောင့်မျက်လုံးထဲမှာ...
ကျောက်စိမ်းရယ်....နှောင်ကြိုးရယ်...
အငယ်လေးရယ်...အဲဒီသုံးယောက်ရဲ့ပြုံးနေတဲ့မျက်နှာတွေချည်းမြင်နေရသည်...။

ချစ်ဖို့ကောင်းလွန်းတဲ့အဲဒီကောင်လေးသုံးယောက်ကိုပိုင်ဆိုင်ခွင့်ရထားတာ...
သူ့...ဘဝရဲ့ဆုလာဘ်တစ်ခုလိုပါပဲ...။

စားပွဲပေါ်မှာပိုလာတဲ့အငယ်လေးရဲ့ဓါတ်ပုံသေးသေးလေးနောက်တစ်ပုံကိုတယုတယနဲ့ငေးမောကြည့်ပြီးတော့...နှုတ်ခမ်းလေးနဲ့ကပ်လို့နမ်းဖြစ်တယ်...။

နောက်ဆိုရင်...အဲဒီပုံလေးတွေအစား...
သူနဲ့ကျောက်စိမ်းရယ်...ကလေးသေးသေးလေးတွေအတူတူရိုက်ထားတဲ့ဓါတ်ပုံလေးအစားထိုးမယ်...။

ခွဲခန်းထဲဝင်ရတော့မှာမို့လို့ပြင်ဆင်ရင်းနဲ့....
ဘယ်ဘက်လက်သူကြွယ်ကပလက်တီနမ်မောင်းကွင်းလေးကိုချွတ်ပစ်ပြီးတော့...
ကတီပါအိတ်အနီရောင်လေးထဲကောက်ထည့်တော့...
အာရုံထဲမှာကြည်နူးစရာကောင်းတဲ့...သူတို့ရဲ့လက်ထပ်နေကြတဲ့မြင်ကွင်းလေးကိုမြင်ယောင်ကြည့်မိတယ်...။

နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)Where stories live. Discover now