9
9.4K 1.6K 144
ဘေးမှာထားထားသည့် ကွန်ပျူတာထဲမှ မြန်မာဟင်းချက်ဗီဒီယိုထဲကနည်းအတိုင်း songလိုက်ချက်နေမိသည်။ apronဝတ်ထားသည့် songသည် မည်သည့်အတွေးမှ မတွေးဘဲ ချက်နေသည့်ဟင်း၌သာ အာရုံထည့်ထားသည်။ ကိုယ့်လက်ရာအား ရထာစားပါက 
ချီးကျူးမှုရချင်သည်။ ဒါကတော့ စိတ်ထဲက အမှန်တရားပေ။ ထိုအကြောင်းကြောင့် ဘယ်ဆီသို့မှ စိတ်မရောက်ဘဲ အခုလို ကြိုးကြိုးစားစားချက်နေတာပင်။
ဟင်းသုံးမျိုးလောက် ချက်ပြီးသည့်အချိန်တွင်တော့ ပြုံးရင်းပင် ထိုဟင်းတွေအား ပန်းကန်ထဲ သေချာထည့်ရသည်။ ပြီးနောက် ထမင်းခူးပြီး အောက်ခန်းထဲသွားကာ ရထာ့ကို နိုးရပေမည်။ apronကို ချွတ်ပြီးနောက် မနေ့က ပြဿနာဖြစ်ပြီးသည့်အချိန်မှစ၍ မနက်စာစားချိန်လွန်သည့်တိုင် နေ့ခင်းရောက်တာတောင် အခန်းထဲက ထွက်မလာသေးသည့် ရထာ့ဆီ သွားရသည်။ သူ့ကြိုက်တတ်တဲ့ လက်ဖက်သုတ်နှင့် ကျန်အသားဟင်း နှစ်ပွဲ၊အရွက်ဟင်း တစ်ပွဲကို ချက်ထားသည်။
ရထာ့ရဲ့ အခန်းရှေ့ရောက်ရောက်ချင်း song ရင်တွေတုန်မိသည်။ တံခါးကို နှစ်ခေါက်ပြီး..
"ငါဝင်ခဲ့မယ်နော် ရန်ထာ"
အသံပေးပြီးနောက် ပြန်စာမရမှန်းသိနေသဖြင့် ကိုယ့်ဘာသာ တံခါးဖွင့်ကာ ဝင်လာခဲ့သည်။ ခုတင်ပေါ်မှာ မှီကာထိုင်နေသည့် ရထာ့ကို တွေ့ရသည်၊
"ရန်ထာ ငါမင်းအတွက် ဟင်းချက်ထားပေးတယ်။ မင်းအဖေကတော့ အရေးကြီးအစည်းအဝေးရှိလို့ မနက်စာစားမသွားဘဲ ရုံးကိုတန်းသွားတယ်။ မင်းကိုတော့ မေးနေသေးတယ်။ ငါ့လက်ရာ စားကြည့်မလား လုံးဝလျှာလည်သွားမယ်"
ဟာသနှောကာ ပြောနေပေမယ့်လည်း ရထာ့မျက်နှာက ရယ်မလာပေ။ စက္ကန့်အနည်းငယ် ကစားပြီးမှ ကိုယ့်ဘက်ကို ဖြည်းဖြည်းချင်းလှည့်လာတဲ့ မျက်နှာနှင့်အတူ ကွဲအက်သည့်အသံဖြင့်..
"မင်းလည်း ရိပ်မိလောက်မှာပါ ငါကဂေးဆိုတာ"
ပူပန်နေသည့် ရထာ့မျက်နှာသည် အခါတိုင်းလို မိမိကို ရန်ထောင်တတ်သည့် ရထာနှင့်မတူတော့။ အောက်နှုတ်ခမ်းကို ကိုက်လိုက် လျှာနှင့်သပ်လိုက် လုပ်နေသော ရထာသည် တစ်ခုခုကို စိုးရိမ်နေတာပင်။