41
5.4K 970 115
ဟိုတယ်​အခန်းထဲ​ရောက်​တာနှင့်​ နှစ်​​ယောက်​သားခုတင်​​ပေါ်မှာ ခဏ​လောက်​အ​ကြောဆန့်​လိုက်​ကြသည်​။ ပုဂံ​မြေကို​ခြေချလိုက်​သည်​နှင့်​ မျက်​လုံး​အေးစွာဘုရား​စေတီ​တွေကို မြင်​​နေရသည်​။ ဟိုတစ်​စု ဒီတစ်​ဆူ ပုဂံဘုရားများအား ဟိုတယ်​သို့ အလာလမ်းတစ်​​လျှောက်​လုံး​ ​တွေ​ငေးကြည့်​မိသည်​။ ဘယ်​အချိန်​လာလာ ဘယ်​​လောက်​လာလာ ဒီကအလှအပ​တွေက ရိုးတယ်​မရှိ​ပေ။ ခရီးသည်​​တွေကို ပုဂံပို့တိုင်း အ​ဖေပိုင်​သည့်​ဟိုတယ်​မှာပဲ ​အေး​အေး​ဆေး​ဆေးတည်းဖြစ်​သည်​။ အခုလည်း အ​ဖေ့ဟိုတယ်​မှာပဲ စရိတ်​ငြိမ်းတည်း​နေသည်​။
"ပင်​ပန်းလိုက်​တာ လာပါဦး ဖက်​ထားချင်​လို့ ရထာ"
ဘေးမှာလှဲ​နေသည့်​ ရထာ့အား ရင်​ခွင်​ထဲထည့်​ထားလိုက်​မိသည်​။ ​ဝေးရ​တော့မည်​ဖြစ်​၍ အတူရှိခွင့်​ရသည့်​အချိန်​ခဏ​လေးအတွင်းမှာ ရထာဟာ မိမိရဲ့ချစ်​ခြင်းယုယမှုကို အသာခံယူပါသည်​။
"မင်းကပုဂံကို​ရောက်​ပြီးသားဆို​ ဘာလို့ထပ်​လာတာလဲ song"
"ကိုယ်​တို့ကပုဂံဘုရား​တွေစုံစုံ​စေ့​စေ့​လေ့လာခဲ့​ပေမယ့်
ballonတော့ မစီးခဲ့ရဘူး၊ ကိုယ်​လန်​ဒန်​ကိုပြန်​​ရောက်​​တော့ မြန်​မာအ​ကြောင်းအင်​တာနက်​မှာရှာတာ ballonစီးတာအရမ်းလှလို့ လာဖြစ်​ရင်​​သေ​ချာ​ပေါက်​စီးမှာလို့​တွေးထားတာ"
"ဒါဆို အခုည​နေကျ ​နေဝင်​ချိန်​ကြည့်​မယ်​​လေ ၊ မနက်​ဖြန်​ကျ မီးပျံပူ​ဖောင်းစီးရင်းဘုရားတစ်​ချို့ဝင်​ဖူးမယ်​၊ သန်​ဘက်​ခါကျ...."
ရထာ့အသံတိုးတိတ်​သွားသည်​။ songပင်​ နာကျင်​သွားမိကာ ရထာ့အားပို၍ခပ်​တင်းတင်းဖက်​ထားလိုက်​မိသည်​။
"မင်းပြန်​ရမှာ​ပေါ့​လေ song"
"နာကျင်​​စေမိရင်​ ​တောင်းပန်​ပါတယ်​ ရထာရယ်​"
"ရပါတယ်​ ငါတို့​ရွေးခဲ့တဲ့လမ်းပဲ​လေ၊ ဘယ်​လို​နေ​နေအဆုံးထိ​လျှောက်​ရမှာ​ပေါ့"
"ဒါ​ပေါ့ ၊ ခဏနား​နေ​နော်​ ပြီးရင်​​ရေချိုးကျတာ​ပေါ့ "
"အင်း မင်း​ချွေးနံ့က သင်းသင်း​လေး​နော်​၊ အရမ်းမနံသလိုပဲ"