50
5K 840 36
ဒုတိယထပ်​တစ်​ထပ်​လုံးမှာ ​နေ​စောတစ်​​ယောက်​တည်းသာရှိသည်​မို့ တိတ်​ဆိတ်​ကာ​​ခြောက်​​သွေ့​နေသည်​။ ကိုယ့်​အသက်​ရှူ သံမှအပ မည်​သည့်​အကြားမှ မကြားရ​ပေ။ ဖတ်​စရာစာအုပ်​တစ်​အုပ်​ကိုယူခဲ့ပြီး အခန်းထဲက​နေထွက်​လာခဲ့ကာ ဒုတိယထပ်​ဝရန်​ဒါကတံခါးကိုဖွင့်​လိုက်​သည်​။ ည​ကောင်းကင်​ထက်​ဝယ်​ တဖျတ်​ဖျတ်​လက်​​နေသည့်​ စိန်​ပွင့်​​လေး​တွေက​နေရာယူထားလို့​နေသည်​။ လန်​ဒန်​ရဲ့​​ဆောင်းဦးက မြန်​မာပြည်​သားကိုယ့်​ကို ပုံမှန်​ထက်​ပို​အေး​စေသည်​။ဝရန်​ဒါမှာ ချမ်းစစဖြစ်​လာသည်​မို့ အထဲကိုပြန်​ဝင်​ကာ
တံခါးအနီးက ဆိုဖာမှာလှဲ၍ စာအုပ်​ဖတ်​​နေမိသည်​။ မည်​သည့်​စာအုပ်​အမျိုးအစားကိုမဆို စိတ်​ဝင်​တစားဖတ်​တတ်​​သော ​နေ​​စောစိတ်​သည်​ ယခုဖတ်​​နေ​သောစာအုပ်​၌ စိတ်​ဝင်စားခြင်းမရှိ။
"ဘာလို့အဲ့အ​ကြောင်းပဲ​တွေးမိ​နေတာလဲ"
စာအုပ်​ကို မျက်​နှာ​ပေါ်တင်​လိုက်​ပြီး စိတ်​ပျက်​စွာ​ရေရွတ်​လိုက်​မိသည်​။ ထိုမ​တော်​တတထိ​တွေ့ခဲ့သည့်​အသားနုတစ်​ခုကို ခဏခဏ သတိရ​နေတာက​တော့ တစ်​ခုခုမှား​နေပြီထင်​ပါသည်​။ မိမိဦး​နှောက်​များ​ချောင်​သွားသလား။
"ငါတကယ်​ဘာဖြစ်​​နေတာလဲ၊ ရထာ့အ​ကြောင်းပဲ​တွေးစမ်းပါ"
စာအုပ်​ဖြင့်​ ကိုယ့်​​ခေါင်းကို ခပ်​နာနာရိုက်​ပစ်​လိုက်​သည်​။
ချစ်​ရ​သောရထာ့အစား ​​တွေ့ကတည်းက​ကောင်းကျိုးမ​ပေးသည့်​ deanမျက်​နှာကို ခဏခဏ​တွေးမိ​နေတာ​တော့ မဟုတ်​​သေးပါ။ ရုတ်​တရက်​ အခန်းထဲမှဖုန်းသံက မိမိရှိရာထိ​ရောက်​လာသည်​။ စာအုပ်​ကို စားပွဲမှာချခဲ့ပြီး အခန်းထဲကိုဝင်​ခဲ့ကာ အိပ်​ရာ​ပေါ်ကဖုန်းကို ​ကောက်​ယူကြည့်​​တော့ မသိ​သောဖုန်းနံပါတ်​တစ်​ခု။
"ဘယ်​သူပါလိမ့်​"
ရေရွတ်​ပြီး​နောက်​ ဖုန်းကိုင်​လိုက်​သည်​။ ဘယ်​သူဆက်​တာလဲဆိုတာ​တော့ ​နေ​စောမှန်းလို့မရ။
"ဟယ်​လို"
"ကိုယ့်​​နေ​ရောင်​ခြည်​​လေး"