59
5.7K 764 63
အတန်းမရှိတုန်း ​deanရဲ့ ​လေ့ကျင့်​​ရေးချိန်​ကို လိုက်​​စောင့်​​ပေးမိသည်​။ ပျင်းကလည်းပျင်း မျက်​လုံး​တွေကိုက်​လို့ စာအုပ်​လည်းမဖတ်​ချင်​​တာ​ကြောင့်​ ​လေ့ကျင့်​​ရေးကွင်းမှာ ထိုင်​​နေမိသည်​။နှင်းမကျခင်​အချိန်​ပိုင်း​လေး ​သွေးပူ​အောင်​​လေ့ကျင့်​ခန်းလုပ်​ကျတာလို့​တော့ ​ပြော၏။
       deanက​ အသင်း​ခေါင်း​ဆောင်​ဆိုသည့်​အတိုင်း ​လေ့ကျင့်​​ရေးကို သူသာတာဝန်​ယူပြီး အသင်းသား​တွေရဲ့
ကြံ့ခိုင်​သန်​စွမ်းမှုအတွက်​ ကိုယ်​ကာယ​လေ့ကျင့်​​ခန်းကို ​ရှေ့က​နေဦး​ဆောင်​လုပ်​ပြ​နေသည်​။ လုပ်​​နေရင်းမှ တစ်​ခါတစ်​ခါ ကိုယ့်​ဘက်​ကို လှည့်​ကြည့်​လာတတ်​သည်​။ ထိုသို့လှည့်​ကြည့်​လာသည့်​အခါ သူ့ကိုပြုံးပြမိလိုက်​သည်​။ ခဏ​နေ​လောက်​ဆို ​လေ့ကျင့်​​ရေးပြီး​လောက်​​မည်​ဖြစ်​ပြီး အတန်းကိုလည်းသွားရ​ပေ​တော့မည်​။
"ကြည့်​​ကောင်းသားပဲ dean"
ငေး​နေရင်းမှ တိုးတိုး​လေး​ရေရွတ်​လိုက်​သည်​။ စ​တွေ့တုန်းက​တော့ သူ့ရဲ့ရဲသည့်​အမူအရာများ​ကြောင့်​ သူ့ကိုအမြင်​​မကြည်​သော​ကြောင့်​ သူ့ရဲ့ခန္ဓာကိုယ်​ဟန်​၊မျက်​နှာဟန်​ကို သတိမထားမိပါ။ အခု ချစ်​မိ​နေတဲ့အချိန်​မှ deanဟာ အ​တော်​​လေးကြည့်​​ကောင်းသူဆိုတာ လက်​ခံမိသည်​။ ဪ ဟုတ်​သား။ ကိုယ်​ကချစ်​ရသူပဲ။ အခုအချိန်​မှာသာ လန်​ဒန်​ကို​ရောက်​တုန်းက ​လေဆိပ်​ကိုလာကြိုတဲ့ deanပုံစံကိုသာ ပြန်​​​တွေ့ရလျင်​ ​ငေးမိမှာ​တော့အမှန်​။ အဲ့​နေ့က သူအ​တော်​ကြည့်​​ကောင်းခဲ့သည်​ကို။ ပြန်​​တွေးကြည့်​လျင်​ ပြုံးချင်​စရာမည်​၏။
"အဟက်​!"
အ​တွေးလွန်​​နေသည့်​ ကိုယ့်​​ခေါင်းကို ​လှောင်​​ပြောင်​ရယ်​​မောလျက်​ လက်​ဖဝါးဖြင့်​အသာရိုက်​လိုက်​သည်​။ ပြီး​တော့ deanကို ပြန်​ကြည့်​မိသည့်​အခါ ခုနကကိုယ့်​​ခေါင်​ကိုရိုက်​လိုက်​သည့်​အလုံးစုံကိုမြင်​သွားပုံရသည့်​သူက ဘာဖြစ်​တာလဲဆိုသည့်သ​ဘောဖြင့်​ ​​မေး​ငေါ့ပြ​လာ​တော့ ဘာမှမဖြစ်​​ကြောင်း ​ခေါင်းယမ်းအ​ဖြေပြန်​​ပေးမိသည်​။ ကိုယ့်​ကိုအကြည့်​မလွဲတမ်းများ ကြည့်​​​နေတာလားမသိပါ။
          ခဏ​လောက်​ကြာပြီးမှာ​တော့ ​လေ့ကျင့်​​ရေးပြီးသွား​လေပြီဖြစ်​သည်​။ ခုံတန်းမှာထိုင်​​နေသည့်​ကိုယ့်​ဆီ ​လျှောက်​လာသည့်​အခါ သူဝင်​ထိုင်​လို့ရ​လေ​အောင်​ ​​ဘေးကိုအနည်းငယ်​တိုး​ပေး​လိုက်​သည်​။