34
5.6K 906 100
ဥပုသ်နေ့ဖြစ်သဖြင့် ဓမ္မာရုံသို့သွား၍ ဥပုသ်သည်များကို အချိုရည်ကုသိုလ်လုပ်ရပေမည်။ အိမ်ပေါ်ကနေ songဆင်းအလာကို sharkအချိုရည်ကတ်တွေကြားမှာ ရပ်စောင့်နေမိသည်။ ပြီးရင်တော့ မနက်ကျဘုံဆွမ်းကုသိုလ်ရှင်က အဖေယူထားသဖြင့် ကူစရာရှိတာ ဓမ္မရုံ၌ 
ကူရဦးမည်။ 
"ကြာသွားလား၊ ဓမ္မာရုံသွားမှာဆိုတော့ မျက်နှာပြောင်နဲ့ကြည့်မကောင်းလို့ ရထာ့လို သနပ်ခါးလိမ်းကြည့်နေတာ"
songမျက်နှာမှာ ဟိုခြစ်ဒီခြစ်သနပ်ခါးကြောင်းများနှင့် မညီညာသည့် ပါးကွက်နှစ်ခုကနေရာယူထားသည်။ အောက်မဆင်းခင် ကိုယ်သနပ်ခါးလိမ်းနေတာမြင်လို့ songကလိမ်းလာပုံပင်။ 
"ကိုယ်ကြည့်ကောင်းပါတယ်နော်"
"အင်း ကြည့်ကောင်းတာထက်ချစ်ဖို့ကောင်းတယ်"
"အို! ကိုယ်ကချစ်ဖို့မကောင်းချင်ဘူး ကြည့်ကောင်းချင်တာ"
ရထာ အသံထွက်ရယ်လိုက်မိသည်။ ခရီးမဖင့်ချင်သည်ကြောင့် sharkကတ်တွေကို လက်ညိုးထိုးကာ...
"မင်းဆယ်ကတ် ငါဆယ်ကတ်မမယ် မနိုင်လား"
"မနိုင်တယ်"
"ကောင်းပြီ"
သယ်ရတာအနည်းငယ် လေးသည်မို့ ဓမ္မာရုံသို့ ဘာစကားမှ မဆိုဘဲ အမြန်ရောက်နိုင်သမျှ ရောက်အောင် အမြန်သွားရသည်။
ဓမ္မာရုံသို့ရောက်ရောက်ချင်း အဝင်ဝက စားပွဲမှာ အဆိုရည်ကတ်တွေကိုတင်လိုက်သည်။
"မင်းလည်း ကမ်းချင်ကမ်းလို့ရတယ်၊ ကလေးလူကြီးမရွေးဘူး လာတောင်းသမျှ အကုန်ပေးနော်၊ နှစ်ခါလာတောင်းလည်းပေး"
"ဟုတ်ပြီ"
လာသမျှ တရားနာသူအပေါင်းကို တစ်ယောက်တစ်ဘူးနှုန်းနှင့် အလှူလုပ်သည်။ အလှူလုပ်ရတာကို ပျော်နေသည့်songကလည်း မျက်နှာပြုံးရွှင်လို့။ နိုင်ငံခြားသားက ဖျော်ရည်ကမ်းတာမို့ တစ်ချို့ကလေးတွေက စပ်စပ်စုစုကြည့်နေသည်။ 
"ဒါက ဘာလုပ်တာလဲ"
"ဒါကဝါတွင်းသုံးလဝင်လို့ တရားနာကုသိုလ်ယူပြီး ဥပုသ်စောင့်တာ"