12
9.3K 1.6K 112
တစ်ဖက်စီ ဆွဲထားကျသည့် လက်နှစ်စုံသည် ပထမဦးစွာ လက်လျော့ပေးမည့်သူဆိုတာ မရှိချေ။ အပြိုင်အဆိုင် အကြည့်မုန်တိုင်းများကြားမှ ရထာ့လက်ကို songက သူ့ဘက်ဆွဲသည်။ သို့သော် နေစောက ပြန်ဆွဲလိုက်ကာ...
"မင်း..."
နေစောဘက်က စကားဆိုဖို့ပြင်လိုက်ပေမယ့် ရုတ်တရက်ထမြည်လာသည့်ဖုန်းသံ။ ဖုန်းသံကြားမှ ရထာအသိဝင်လာကာ အဆွဲခံထားရသည့် လက်နှစ်ဖက်ကို ရုန်းလိုက်သည်။ သို့သော် တစ်ယောက်မှလွှတ်မပေးပါ။
"ဘာလုပ်နေကျတာလဲ!"
မကြိုက်သောအသံပြုလျက် လက်ကို သူတို့လက်ထဲက လွှတ်သွားအောင် အားထည့်ရုန်းလိုက်သည်။ ထိုအခါမှ သူတို့နှစ်ယောက်က အလိုလိုလက်လျော့ပေးသည်။
လည်ပင်းမှာချိတ်ထားသည့် ရေစိုခံအိတ်ထဲမှဖုန်းကို နေစောကြည့်တော့ အမေခေါ်နေတာဖြစ်သည်။ မကိုင်လို့တော့မဖြစ်ပေ။
"ဖုန်းပြောလိုက်ဦးမယ် ရထာ"
ရထာခေါင်းညိတ်ပြမှ ဖျော်ဖြေရေးနှင့်ဝေးရာ လှေကားဘက်ကို နေစောသွားရသည်။ ပွဲကြီးပွဲကောင်းကြည့်ဖို့ပြင်နေသည့် ဦးဖေကတော့ ဝင်နှောက်ယှက်သည့် ဖုန်းကိုပင် ဒေါသထွက်ရသည်။ ဖုန်းအား ကြိမ်ဆဲလျက်ကြမ်းပြင်ပေါ် ထိုင်နေရာမှ ပြန်ထကာ လုပ်စရာရှိတာသာ 
ဦးဖေ ပြန်လုပ်ရတော့သည်။
songအား ရထာလှည့်ကြည့်ကာ....
"ဘာပြောစရာရှိသေးလဲ"
ရထာ့အား'ချစ်တယ်´လို့ ပြောဖို့ရည်ရွယ်ထားပေမယ့်လည်း အေးအေးချမ်းချမ်းမပြောရဘဲ အနှောင့်ဝင်သွားသဖြင့် ပြောမထွက်နိုင်တော့။ ငေးကြည့်နေသည့် ရထာ့မျက်နှာအား ပြန်တွေဝေကြည့်မိကာ ခေါင်းယမ်းပြလိုက်သည်။
"ပြီးသာပဲငါရေပက်တော့မယ်"
"ရထာ!"
ရေပက်သည့်နေရာသွားမလို့ လှမ်းနေသည့် ရထာ့ခြေလှမ်းတွေက နေစောခေါ်သံအောက်မှာ ရပ်သွားသည်။ ဖုန်းပြောပြီးလို့ နေစောက ရထာ့ဆီပြန်လာတာဖြစ်သည်။ ရထာ့အနားရောက်တာနှင့် စိုးရိမ်မှုများနှင့်အတူ ရထာလက်ဖျားအား နေစောဆုတ်ကိုင်မိသည်။