23
6.9K 1.1K 144
ရထာ့ ​ပေါင်​​ပေါ် ​ခေါင်းအုံးရင်း လွမ်း​နေရပြီဖြစ်​​သော 
မွေးရပ်​​မြေက သူငယ်​ချင်း​တွေအား အလွမ်း​ပြေ
ဗီဒီယို​ကောလ်​​ခေါ်​နေမိသည်​။ တတီတီမြည်​သံနှင့်​အတူ ဟိုဘက်​က ဗီဒီယို​ကောလ်​ လက်​ခံသည့်​အခါ
မြင်​ရပါပြီ ကိုယ့်​သူငယ်​ချင်းနှစ်​​ယောက်​။
"Hi!!"
နှစ်​ယောက်​အသံ​ပေါင်းသွားတာ​ကြောင့်​ အနည်းငယ်​​တော့ အသံကျယ်​သည်​။ deanက ဦးစွာ​မေးသည်​။
"ဘာလုပ်​​နေလဲ"
"စာလုပ်​​နေရင်း ခဏနားလို့ မင်းတို့ကို ​ခေါ်လိုက်​တာ"
"နင်​ဘယ်​သူ့​ပေါင်​​​ပေါ်အိပ်​​နေတာလဲ"
ellaက ​ကြားဖြတ်​ဝင်​​မေးလာသည်​။
"ငါချစ်​ရသူ​ပေါ်"
ပြောပြီး ရင်​ဘက်​​ပေါ်တင်​ထားသည့်​ ကွန်​ပျူ တာအား
ရထာ့ကို မြင်​ရသည်​အထိ ​ထောင်​ပြ​လိုက်​​တော့ အလိုက်​သတိ ရထာက လှည့်​ပြီးပြုံးပြလာရဲ့။ သူက ဆိုဖာပတ်​လည်​ဝိုင်းရံထားသည့်​ စားပွဲမှာ တင်​ပလ္လင်​​ခွေထိုင်​ စာ​ရေး​နေပြီး ကိုယ်​က​တော့ သူ့​ပေါင်​​ပေါ် ​ခေါင်းအုံးလှဲ​နေတာဖြစ်​သည်​။အရင်​တစ်​ခါတုန်းကလို​တော့ ရန်​​ထောင်​တာမျိုးမရှိ။
"​ချောတာဟယ်​ နင်​နဲ့မတန်​လိုက်​တာ"
Ellaရဲ့ မနာလို​သောအသံ။ song ခပ်​ဟဟ ရယ်​မိလျက်​ ကွန်​ပျူ တာကို မိမိတစ်​​ယောက်​ထဲ မြင်​ရသည့်​အ​နေအထားမှာ ထားလိုက်​သည်​။
"ဒါနဲ့ မင်းဦး​လေးကို​ရော ဆက်​သွယ်​ရဲ့လား"
Song သက်​မချမိသလို စာ​ကူ​ပေး​​နေသည့်​ ရထာလည်း songရဲ့ မိသားစု ဖြစ်​တည်​မှုကို အခုမှသတိထားမိသလို
ဖြစ်​သွားသည်​။
"မဆက်​သွယ်​လည်း ဘာမှမဖြစ်​ဘူး ။ အ​လေးထားမ​နေနဲ့။ dean နင်​လည်း​လျှောက်​​မေးမ​နေနဲ့"
"ဪ ​မေးကြည့်​တာပါကွာ"
ellaစကားကို deanက ပြန်​​​ဖြေသည်​။ သူတို့သူငယ်​ချင်းအချင်းချင်း ​ပြောတဲ့စကားအ​ခြေအ​နေအရ songက သူ့ဦး​လေးနဲ့ ပြဿ နာရှိသည့်​ပုံပင်​။ မည်​သို့​သော အ​ကြောင်း​ကြောင့်​နည်း။