43
6.2K 967 114
ကမ်း​ပေးသည့်​လက်​ကို ပြန်​ဆုပ်​​ထွေးလိုက်​ဖို့ရာ ခဏ​လောက်​စဉ်းစား​နေမိသည်​။ မျက်​နှာချင်းဆိုင်​ကလူ၏ ပြုံး​သောမျက်​နှာက တစ်​မျိုးမည်​ဟန်​ပြု​သော်​လည်း ​လှောင်​ခြင်းမပါစိတ်​ဝင်​စား​သောအရိပ်​အ​ငွေ့များသည်​။ ​ရွှေ​ရောင်​ဆံသားများကို ​ဘေးသို့ခွဲကာ နဖူးပြင်​​ပေါ်​အောင်​သိမ်းထားပုံသည်​ အနည်းငယ်​ ရှိန်​​စေသည်​။
"ကိုယ့်​နာမည်​က dean၊လက်​​ပေးပါဦး ကိုက်​မစားပါဘူးကွ"
မိမိအထင်​နှင့်​လွဲစွာ သူ့စရိုက်​သည်​ ဝတ်​စားထားပုံနှင့်​တစ်​ခြားစီ။ မျက်​နှာ​​ပေးကိုက ​ပြောင်​စပ်​စပ်​ဖြစ်​လာပုံ​သည်​ ခုနကမိမိအ​တွေး​တွေကို မှား​နေမှန်း​ထောက်​ပြလိုက်​သလိုပင်​။ သူ့ကိုရွဲ့ချင်​သည့်​စိတ်​​ကြောင့်​ လက်​ထဲမှာကိုင်​ထားသည့်​စာအုပ်​ကို ဂျိုင်းကြားမှာ ညှပ်​ကာ လက်​အုပ်​ချီလိုက်​ပြီး..
"မင်္ဂလာပါ ​နေ​စောပါ"
တစ်​ဖက်​က ဆန့်​ကျင်​ဘက်​အပြုအမူ​ကြောင့်​ deanက ကမ်း​ထားသည့်​လက်​ကိုပြန်​ရုတ်​ကာ 'မင်္ဂလာပါ´ဟု မပီကလာပီကလာဖြင့်​​ပြောရသည်​။
"​နယ်​ဆောဟုတ်​လား"
"မဟုတ်​ဘူး ​နေ​စော"
"​နယ်​ဆာ"
deanဆိုသူရဲ့နှုတ်​ဖျားမှ '​နယ်​´နှင့်​'​နေ´ကို မကွဲ​ချေ ။ စကားအ​ချေအတင်​မဖြစ်​ချင်​သည်​ကတစ်​​ကြောင်း မှားလည်းပဲ့ပါသွားသည့်​အရာမဟုတ်​လို့ ​ခေါ်ချင်​သလို​ခေါ်​စေ​ပါတော့​ကြောင်း ​​နေ​စောခေါင်းညိတ်​ပြလိုက်​သည်​။
"အဓိပ္ပါယ်​​ပြောပြပါလား မြန်​မာပြည်​သား​လေး"
ခရီးပန်းလာ​သော​နေ​စောစိတ်​သည်​ deanရဲ့ ​ပြောင်​စစစကားလုံး​တွေ​အောက်​မှာ ပို၍ပင်​ပန်းရသည်​။
"​နေ​စော​စောထွက်​တာ အို​ကေ ဖယ်​​တော့!"
ကိုယ့်​ကို​ကျော်​ကာ ထွက်​သွား​သော မြန်​မာပြည်​သား​လေးရဲ့နာမည်က ​နေ​စော​စောထွက်​တာနှင့်​ အဓိပ္ပါယ်​ညီသည်​တဲ့လား။ ဒါဆို မင်းကကိုယ့်​ရဲ့​နေ​ရောင်​ခြည်​​လေး​ပေါ့ကွာ။ ​ထွက်​သွားသည့်​ ကိုယ့်​​နေ​ရောင်​ခြည်​​​လေး​နောက်​သို့ အမြန်​လိုက်​ကာ ခရီး​ဆောင်​အိတ်​ကိုဆွဲယူလိုက်​မိသည်​။