35
5.9K 891 52
မိုးလေးက တဖွဲဖွဲကျနေသည်။ အရမ်းမသည်းသည်မို့ မိုးကာတော့ မဝတ်သေး။ တဖွဲဖွဲသော မိုးရေကြားထဲ ဆိုင်ကယ်ကို အရှိန်တင်မောင်းတင်ရာမှ ရရှိတဲ့ အအေးဒဏ်နှင့် မျက်နှာကို အရှိန်ပြင်းစူးရှစွာ ရိုက်ခတ်လာသည့် မိုးပေါက်လေးတွေကို ခံစားရတာ ဘယ်လိုခံစားမှုမျိုးလည်း မသိပေ။
"ရရဲ့လားsong"
"ရတယ် ရထာသာ ဂရုစိုက်ပါ ဆိုင်ကယ်မောင်းနေရတာကို"
"ငါကအေးဆေးရယ်"
ရထာက ဆိုင်ကယ်ကို ပိုပြီးအရှိန်တင်လိုက်သည်။ အရှိန်ပြင်းသည်နှင့်အပြိုင် မိုးရေစက်တို့သည်လည်း မျက်နှာပေါ်သို့ ဆိုင်ကယ်အရှိန်နှင့်ထပ်တူ စူးရှလာသည်။ မက္ခရာကနေ ပလိပ်ထိ အမြန်မောင်းလာပြီး မြွေဘုရားကိုမဝင်ဘဲ ရှေးဟောင်းဘုရားစုတွေဘက်သွားရသည်။ ထိုဘုရားစုတွေထဲကမှ ဘုရားနီဘုရားသို့ ပထမဆုံးဦးတည်သည်။
လမ်းကြားတွေထဲ မောင်းဝင်လာရင်းမှ ဘေးနှစ်ဖက်က ရှေးဟောင်းဘုရားစုတွေက songက ဓာတ်ပုံရိုက်သည်။ ကင်မရာကိုတော့ မိုးကာပတ်ပေးထားသည်။ ဘုရားနီရှေ့ရောက်သည့်အခါမှာတော့ ဆိုင်ကယ်ကို ဘုရားရှေ့ကမြေကွက်လပ်မှာပဲ ရပ်ခဲ့ကာ နှစ်ယောက်သား ဂူအတွင်းသို့ ဝင်လာခဲ့သည်။ 
"ပင်းယသွားတဲ့လမ်းက အတော်မိုးသည်းမယ့်ပုံပဲ ဒီပုံစံအတိုင်းဆို"
ဘုရားဆင်းတုရှေ့မှာ နှစ်ယောက်သား တင်ပလ္လင်ခွေထိုင်လိုက်ကျသည်။ ပုဂံခေတ်လက်ရာ ဂူပုထိုးလိုလို၊ အမရပူရခေတ် လက်ရာ ဂူပုထိုးလိုလို ရွှေဂူနီဘုရားရဲ့ မုခ်ပေါက်တွေကို songက ဓာတ်ပုံရိုက်နေသည်။ မုခ်ပေါက်ကနေ မြင်နေရသည့်အပြင်ဘက်ဝန်းကျင်သည် မိုးလေးတဖွဲဖွဲကြနေသည်။ မုခ်ပေါက်နှင့် မြင်နေရသည့် မိုးဖွဲသောသဘာဝသည် ပန်းချီကားအလား။
"ဒါက အမရပူရလက်ရာမလား ရထာ"
"အံမယ် ခန့်မှန်းတတ်နေပြီပဲ၊ တော်လာပြီ"
songရဲ့ပါးသိုင်းမွှေးကို လက်ညိုးနဲ့ကုတ်ခြစ်လိုက်သည်။ အသားယူလွန်းသည့် songကတော့ သူ့ပါးသိုင်းမွှေးပေါ် ရထာ့လက်ဖဝါးကိုအပြည့်တင်ကာ ပွတ်သပ်စေသည်။