deanရဲ့ စကားအဆုံးသတ်မှာတော့ သူတို့နှစ်ယောက်
အတော်လေး အံ့သြမယုံနိုင်အောင်ဖြစ်သွားရသည်။ deanက သူပြောချင်ရာပြောပြီချင်း ရှေ့တည့်တည့်က သိမ်းမြစ်ပြင်ကြီးကိုသာ ကြည့်နေမိသည်။ နေရောင်ခြည်လေးရဲ့ရှောင်ဖယ်မှုတွေက deanအား ဦးတည်ရာမဲ့စေသည်။ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိလောက်အောင်ထိ စိတ်ကိုနုံးခွေစေသည်။"ဒါဆိုမင်းတို့က အတူနေပြီးသွားပြီပေါ့"
ရထာ့အမေးကို သိမ်းမြစ်ပြင်ကိုငေးကြည့်ရင်းသာ ခေါင်းညိတ်ပြလိုက်သည်။ london eyeရဲ့ဘေးမှာ အပန်းဖြေစရာထိုင်ခုံတွေလုပ်ပေးထားသည်ကြောင့် စိတ်မောမှုပြေအောင် သိမ်းမြစ်ကိုသာကြည့်၍ အရာအားလုံးဖွင့်ချခဲ့ပါသည်။ ရထာ့မှာတော်တော်လေး အံ့သြနေရသည်။ songကလည်း ပါးစပ်လေးဟလို့။ အတူနေမိတာမလို့ deanက အကျိုးသင့်အကြောင်းသင့်ဆွေးနွေးချင်တာကို နေစောကရှောင်နေသည်မလို့ ကိုယ်တို့ကိုဖွင့်ပြောအကြံဥာဏ်တောင်းရှာသည်။ ဒါမျိုးက နှစ်ဦးနှစ်ဘက်အဆင်ပြေညှိနှိုင်းရုံမှလွဲလျှင် နည်းမှမရှိပါဘဲ။ ကိုယ်တို့ဘက်ကလည်း ဘာမှလုပ်နေနိုင်သည့်နည်းမရှိ။
"ဒါဆို မင်းဘယ်လုပ်မလဲdean"
songက မေးလာသည်။ ဘာလုပ်လို့လုပ်ရမှန်းမသိအောင် deanမှာ အားမရှိတော့ပါ။ အခုချိန်မှာကိုယ့်ကိုတမင်ရှောင်ပြေးနေသည့် နေရောင်ခြည်လေးကိုဖမ်းကာ စိတ်ဆိုးဆိုးနဲ့ ကိုယ့်ကိုမရှောင်ပါနဲ့တော့လို့ အော်ပစ်ချင်သည်။ ဒါပေမယ့် ထိပ်တိုက်တွေ့လျှင်တော့ သူလေးကိုအော်နိုင်ပါ့မလားဆိုတာတော့ စဉ်းစားစရာပေ။
"ငါလည်းမသိလို့ မင်းကိုလာမေးတာ song၊ အခု နေရောင်ခြည်လေးက ငါ့ကိုလုံးဝအတွေ့မခံဘူးကွာ"
"ဒါဆိုအိမ်လိုက်တွေ့မလား"
songအကြံကို deanခေါင်းယမ်းပြမိသည်။
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romanceလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ