26
6.9K 1K 139
ယနေ့ရာသီဥတုကတော့ ပူပြင်းခြောက်သွေ့လှသည်။အိမ်ကထွက်လာခဲ့တာ စောသည့်တိုင် မန္တလေးရဲ့ ထည်ဝါဝါ နေလုံးကြီးကို အံတုလို့မနိုင်ခဲ့။ ဘယ်လောက်တောင် ပူတယ်မပူတယ် ဆိုင်ကယ်ဦးထုပ်အောက်မှ ဦးခေါင်း၌လည်း ချွေးအလုံးလုံးဆို့ကာ ချွေးစီးကြောင်းတို့သည် နားထင်ကိုဖြတ် ပါးပေါ်စီးကျလာသည်။
"ဒီနေ့ တော်တော်ပူတယ်နော်"
ရထာ့နားထင်အနားမှာ ခိုမှီနေသည့် ချွေးစက်အား လက်ညိုးဖြင့် သုတ်ပေးလိုက်သည်။
"အင်း မိုးကခေါင်သလားမမေးနဲ့"
"ချွေးတွေကြည့်ပါဦး"
ဆိုင်ကယ်အနောက်မှာ ထိုင်လိုက်သည်မို့ ရထာ့မျက်နှာပေါ်မှ ချွေးစက်တွေအား သုတ်ပေးဖို့အခွင့်ရှိသည်။ သို့ပေမယ့် ချွေးသုတ်သည့် အလုပ်တစ်ခုသာလုပ်ရုံမဟုတ်ဘဲ အခွင့်အရေးရရင် ရထာ့ရဲ့ ပါးနုလေးကိုပါ လက်ညိုးနဲ့ အနည်းငယ် ဖိကြည့်သည်။ ချစ်စရာလေး။
"တော်တော့ ငါ့ပါးကို မဆွဲနဲ့"
"ကိုယ့်ကိုအဖြေပေးရင် ပထမဆုံးလုပ်မယ့်အလုပ်က နှုတ်ခမ်းကိုနမ်းမှာမဟုတ်ဘူး၊ ဒီပါးလေးတွေကို ဆွဲကိုက်ပစ်မည်၊ဒါမှမဟုတ် နှုတ်ခမ်းလေးထော်လာတယ့်အထိ ဖက်နမ်းပစ်မယ်"
"တော်စမ်း! ငြိမ်ငြိမ်နေ"
တံတောင်နဲ့ songဗိုက်ကို အသာသွက်လိုက်သည်။songက ငြိမ်ငြိမ်နေသွားပေမယ့် အနည်းငယ်ကွာဟသည့် နှစ်ယောက်ကြားကို လေတိုးပေါက်မရှိအောင် ဖက်လာလျက် ပခုံးပေါ်ကို မေးတင်သည်။ သူ့အရပ်ကြီးမှ အားမနာ။
"မင်းဖက်တာနဲ့ ငါလည်း ညက်ညက်ကြေမှာ"
"မရဘူး ဖက်မှာပဲ"
ပခုံးပေါ် မေးမတင်တော့ဘဲ ရထာ့ပခုံးအား နှာခေါင်းနဲ့နမ်းရှုံ့လိုက်သည်။
"ငါယားတယ် တော် တော် ရောက်တော့မယ်"
ပထမဆုံး သဲပုံစေတီသို့သွားသည်။အခုလမ်းမကြီးကနေ ဆိုင်ကယ်တစ်စီးစာ လမ်းကြားကျဉ်းကျဉ်းလေးကနေဝင်ရင် သဲပုံစေတီသို့ရောက်ပြီ။ မုန့်တီစုရပ်ပေါ့။ အဲ့အရှေ့မှာတော့ ရွှေတချောင်း ချောင်းရှိသည်။ အဲ့ချောင်းရှေ့တစ်လမ်းမှာတော့ ကင်းဝန်မင်းကြီးကျောင်းရှိသည်။