29
6.7K 1K 176
နေပူခြင်းကိုမခံနိုင်တော့သည်ကြောင့် မနက်စောစောထပြီး အမရပူရကို သွားဖို့ပြင်ရသည်။ ယနေ့ကို ရထာစောင့်မျှော်ခဲ့ခြင်းဖြစ်သဖြင့် ရောက်ရှိမှုအတွက် အနည်းငယ်စိတ်လှုပ်ရှားရသည်။ songအား ခြံထဲ၌ ဆိုင်ကယ်ပေါ်မှာ ခွထိုင်စောင့်နေရင်းပင် စိတ်လှုပ်ရှားမှုကြောင့် နှုတ်ခမ်းက ပြုံးတုတု။
"သွားစို့ ရထာ"
            ဘယ်လောက်တောင်အတွေးကောင်းနေတယ်မသိ ဆိုင်ကယ်ပေါ်ကို songတက်ထိုင်မှ ရထာ့အတွေးများ လက်ရှိကို ကယောင်ကယင် ပြန်ရောက်လာသည်။ နောက်ကို ခန္ဓာကိုယ်စောင်းလှည့်ကြည့်တော့ ကျောပိုးအိတ်အပြင် ဂီတာတစ်လက်ပါ အပိုပါလာသဖြင့် ဘာအတွက်ကြောင့်လဲဆိုတာ ရထာတွေးရသည်။
"ဘာလို့ဂီတာယူလာတာလဲ"
"ဥဘိန်ပေါ်မှာ ဂီတာတီးမလို့"
ခပ်ပြုံးပြုံး songအဖြေ။ 
"အိမ်မှာတီးပါ လေးတာကို မယူခဲ့ပါနဲ့"
"ရတယ် ကိုယ်တီးချင်လို့"
"အဲ့ဆိုလည်း အရှေ့ထား လေးတယ်"
"ကျေးဇူးပါ"
စကိုဖီးလ်ဆိုင်ကယ်မို့ ဂီတာကို ဆိုင်ကယ်လက်ကိုင်နဲ့လူကြားမှာ ထောင်ထားလိုက်သည်။ ပြီးရင်တော့ အမရပူရဟူသော မသေသောမြို့ဆီသို့ ဆိုင်ကယ်လေး တရွေ့ရွေ့ဖြင့် ချစ်သောသူနှင့် ခရီးနှင်ရသည်။
"နံနက်လင်းခါစဆိုတော့ မပူဘူး"
"ဟုတ်တယ်"
Songရဲ့ထုံးစံအတိုင်း တစ်လမ်းလုံး ကြက်တူရွေးရှုံးရလောက်အောင်အထိ စကားမရှိစကားရှာပြောလေသည်။ လမ်းတစ်လျှောက်ဖြတ်ရသည့် မန်ကျည်းပင်၊ပိတောက်ပင်တို့ကြား မနက်စောစောလေအေးက ကလူကျီစယ်သည်။
ပထမဆုံး အမရပူရအဝင်က စန္ဒမုနိဘုရားကို အရင်ဝင်သည်။ အပေါက်ကနေဝင်လာပြီးနောက် ဆိုင်ကယ်အပ်သည့်နေရာမှာ တာဝန်အရ ဆိုင်ကယ်အပ်ရသည်။
ဂီတာကို လွယ်ဖို့ပြင်တော့ songက အတင်းကာကော ဝင်လုကာ...
"ကိုယ်သယ်မယ် လေးတယ်၊ မင်းက ကျောပိုးအိတ်သယ်ပေး"