49
4.6K 804 44
နေ​စောက အ​ဆောင်​များကိုဖြတ်​ပြီး ​လေ့ကျင့်​​ရေး​ကွင်းဘက်​သို့ ​လျှောက်​လာခဲ့သည်​။ ​ဘောလုံးအသင်းသို့ တစ်​ခါမှမ​ရောက်​ဖူးတာမို့ အသင်းသားမဟုတ်​လျှင်​ ဝင်​ခွင့်​​ပေသလား၊မ​ပေးသလားဆိုတာလည်း ​နေ​စောမသိပါ။ သိတာက ဝင်​ခွင့်​​ပေးလျှင်​လည်းဝင်​ပြီး deanကို​တွေ့ကာ သူ့ပစ္စည်း​တွေကို​ပေးခဲ့မည်​၊ မ​တွေ့ပါကလည်း အသင်းသားတစ်​​ယောက်​ကို​ပေးခိုင်းလိုက်​ပါမည်​။ ​ထွေ​ထွေထူးထူးကိစ္စမဟုတ်​​လေ​တော့ ခက်​ခက်​ခဲခဲ​တွေးမ​နေချင်​ပါ။ ဟို​တွေးဒီ​တွေး​တွေးရင်း ​လျှောက်​လာခဲ့တာ ​လေ့ကျင့်​​ရေး​အ​ဆောင်​ဘက်​​တောင်​​ရောက်​​လေပြီ။
"ဝင်​သွားရမှာလား"
လေ့ကျင့်​​ရေးကွင်း​ရှေ့မှာ ​နေ​စောရပ်​​နေမိသည်​။ ကွင်းကိုအဝင်​အထွက်​လုပ်​​နေသည့်​အသင်းသားများကို လူကြုံ​ပေးလိုက်​ချင်​​သော်​လည်း သူတို့ထုံးစံအရ မိမိအကူအညီကို​ရှောင်​ဖယ်​သွားကြရင်​လည်း မိမိမှာရှက်​စရာဖြစ်​​ပေမည်​။
"သွားလိုက်​တာအန္တရာယ်ကင်းပါတယ်​"
သွားဖို့၊မသွားဖို့ဆုံးဖြတ်​ရသည့်​အလုပ်​ကို ​နေ​စောမနှစ်​သက်​​သော်​လည်း အခုချိန်​မှာ ထိုအရာကိုပြုမိတာ
ဘယ်​နှစ်​ကြိမ်​​မြောက်​ရှိပြီလဲမသိ​တော့ပါ။ ကွင်းဝင်​​ပေါက်​က​နေ ဝင်​လာခဲ့ပြီး​နောက်​မှာ​တော့ မြက်​ခင်းပြင်​စိမ်းစိမ်း​ပေါ်မှာ ​လေ့ကျင့်​​နေကျသည့်​အသင်းသား​တွေ။ ထိုအသင်းသား​တွေထဲမှ deanကို ​နေ​စောလိုက်​ရှာမိသည်​။
"ဘယ်​မှာပါလိမ့်​"
ဒီမြက်​ခင်းပြင်​စိမ်း​ပေါ်၌ deanမျက်​နှာနှင့်​တူတဲ့သူ တစ်​ဦးတစ်​​ယောက်​ကိုမှမ​တွေ့။ ​လေ့ကျင့်​​ရေးဆိုပြီးထွက်​သွားတာပါ။ အသင်း​ခေါင်း​ဆောင်​ဆို​တော့ ​လေ့ကျင့်​​ရေးအချိန်​လစ်​ဟာလို့လည်းမဖြစ်​ပါ။ ဒါဆိုdeanဘယ်​မှာလဲ။ ဘယ်​ကိုသွားတာလဲ။ အသင်းသားတစ်​​ယောက်​က ကိုယ့်​​ဘေးကဖြတ်​သွားတာမို့...
"ဟို ခဏ​လောက်​ပါ"
ထိုအသင်းသားအား ​နေ​စောခဏတားလိုက်​သည်​။
သူတို့အသင်း​ခေါင်း​ဆောင်​ကို​တော့သိ​လောက်​မှာပါ။