52
4.5K 809 33
လန်​ဒန်​ရဲ့​ဆောင်းဦးနံနက်​ခင်းက ​အေးစိမ့်​စိမ့်​။အခန်းကို အပူ​ပေးစက်​တပ်​တားသည့်​တိုင်​ ​အေးစိမ့်​ခြင်းက ခန္ဓာကိုယ်​ကို စိုးစိမျှတိုးလာသည့်​အခါ ​ခြေ​ထောက်​ကို​ကွေးလိုက်​မိသည်​။ သို့​သော်​ ဖက်​​ခေါင်းအုံး​တောင်​ထားမအိပ်​တတ်​​တော့ ​နေ​စောအဖို့၌ ဒူး​ကွေးသည့်​အခါထိ​တွေ့သွားသည့်​ တစ်​စုံတစ်​​ယောက်​၏ အသားအ​ရေ​ကြောင့်​ ဖျတ်​ခနဲနိုးလာရသည်​။ အိပ်​ရာနိုးလို့မျက်​လုံးဖွင့်​လိုက်​ပါ နံရံကိုတန်းမြင်​ရမှာဆို​ပေမယ့်​ အခု​တော့လူတစ်​​ယောက်​၏မျက်​နှာကို ထင်းထင်း​​တွေ့​နေရ၏။ အံ့သြမှုနှင့်​အတူလှုပ်​လိုက်​​တော့ ​အောက်​ပိုင်းရဲ့စူး​အောင့်​​အောင့်​နာကျင်​မှုတစ်​ခု။
"အာ့!"
နေ​စော ညည်းလိုက်​မိသည်​။ ဘာလို့​အောက်​ပိုင်းက​နာ​နေရတာလဲ။ ခံစားမှုအရ ခန္ဓာကိုယ်​မှာလည်းအင်္ကျီမကပ်​ဟုထင်​​နေမိသည်​။မဟုတ်​​လောက်​ပါဘူးဟု စဉ်းစားလျက်​ အားတင်းကာ ခန္ဓာကိုယ်​​ပေါ်လွှမ်းခြုံထားသည့်​​စောင်​ကို
မကြည့်​လိုက်​သည်​။ နှစ်​​ယောက်​လုံးသည်​ အဝတ်​အစားမပါ​ပေ။ အံ့သြလွန်းလို့ဆတ်​ခနဲ ထိုင်​ထလိုက်​မိသည့်​အချိန်​မှာ​တော့ တင်​ပါးတစ်​ဝိုက်​ကပိုလို့နာလာသည်​။
"ဘာ..ဘာ..​တွေဖြစ်​ခဲ့.."
ဆံပင်​ကြားထဲကိုလက်​​ချောင်း​တွေထိုးထည့်​ဖွကာ မ​နေ့ကအဖြစ်​အပျက်​​တွေကို ​နေ​စော အတင်းပြန်​စဉ်းစား​နေမိသည်​။ ပထမဆုံး သိမ်းမြစ်​ကန်​​ဘောင်​မှာထိုင်​​နေပြီး ဟိုဟိုဒီဒီ​ငေးကြည့်​​နေသည်​။ ပြီးလျှင်​ ဘားကိုသွားကာ အရက်​​သောက်​သည်​။
"ပြီး​တော့​ကော !!! ပြီး​တော့​ကော!!!"
ဆက်​မှတ်​မိစမ်းပါ။ ဆက်​မှတ်​မိစမ်းပါ။ အမှန်​တရားကို နာ​နေသည့်​တင်​ပါးနှင့်​ဝတ်​စလစ်​ဖြစ်​​နေ​သောခန္ဓာကိုယ်​များက ​ဖော်​ပြ​နေ​သော်​လည်း ဘာမှမဖြစ်​ခဲ့ဘူးလို့လိမ်​​နေမိသည်​။ စိတ်​ရှုပ်​လာသည်​​ကြောင့်​ ကိုယ့်​ဆံပင်​​တွေကိုလက်​နှစ်​ဖက်​လုံးဖြင့်​ တစ်​ဆုပ်​လိုက်​ဆွဲလိုက်​မိသည်​။