Part 1 (Unicode)
အဖွားဘုရားရှင်ခိုးနေတုန်း အမြန်ထွက်မှဆိုပြီး
ဝမ်လေးတစ်ယောက်အိမ်ကိုလာတဲ့ကားနောက်
အထဲကိုအမြန်ခိုးဝင်ပြီးထွက်လာခဲ့သည်
လမ်းမှာပွိုင့်မိသဖြင့်ကားသမားရေသန့်ဝယ်နေတုန်း
နောက်ကနေအမြန်ဆင်းခဲ့ပြီးလမ်းလျှောက်ခဲ့ကာ
မြင်မြင်သမျှအကုန်လုံး သူ့အတွက်ထူးဆန်းဖွယ်ရာ
ဖြစ်နေသည် လျှောက်ကြည့်နေရင်းကနေ့လည်ရောက်မှန်းမသိရောက်လာရာရှေ့က ကော်ဖီဆိုင်လေးတွေ့တေ့ာ
ရပ်ကြည့်နေတာအကြာကြီးရှောင်းကျန့် lunch time ရောက်လို့သောက်နေကျကော်ဖီဆိုင်လာပြီးမုန့်နဲ့ကော်ဖီလာမချပေးခင်
ငေးမိငေးရာအပြင်ကိုကြည့်မိစဥ်ဆိုင်ထဲကိုလှမ်းကြည့်နေတဲ့ဖြူဥနေသောကောင်လေး သူကြည့်နေတာကြာပြီအထဲလဲဝင်မလာပြန်လဲထွက်မသွားပဲဒီအတိုင်းရပ်ကြည့်နေတာကြာနေပြီ မနေနိုင်တဲ့အဆုံးအခက်အခဲတစ်ခုခုရှိလားသွားမေးမယ်ဆိုပြီးမုန့်လာချတဲ့ဝိတ်တာကိုခဏမှာခဲ့ပြီးအပြင်ထွက်ခဲ့လိုက်သည်
ဝမ်လေးဆိုင်ထဲမှာလူအရမ်းရှုပ်နေတော့ပြန်လှည့်ဖို့ပြင်နေတုန်းမှာပဲ
" ဟိတ်..ကောင်လေး ဟိတ် ဟိတ် "
ခေါ်သံကြားလို့လှည့်ကြည့်တော့အရမ်းချောပြီးကြည့်ကောင်းတဲ့လူတစ်ယောက် သူ့ဆီတည့်တည့်လာနေတာမြင်ပြီး ပြေးရမလား ရပ်နေရမလားကြောင်နေစဥ် သတိရတော့ပြေးဖို့ပြင်တော့နောက်ကျသွားလေပြီ
ရှောင်းကျန့်သူ့ဆီလာနေတာကိုရပ်ပြီးအကြာကြီးကည့်နေပြီးမှဘာကိုသဘောပေါက်လဲမသိပြေးဖို့ပြင်နေတာနဲ့ခြေလှမ်းကျဲကျဲနဲ့အမြန်သွားပြီးလက်တစ်ဖက်လှမ်းဆွဲထား
ကောင်လေးကသူ့အားမျက်လုံးလေးများပြူးထွက်မတတ်ကြည့် အဲ့ခါမှရှောင်းကျန့်လဲအစကအဝေးကမြင်နေရတာဆိုတော့သိပ်မသိပေမယ့်အခုအနီးကပ်ကြည့်မှ
ကောင်လေးကထိရက်စရာမရှိလောက်အောင်ဖြူဥပြီး နှုတ်ခမ်းပါးပါးလေး နှာတံလုံးလုံးလေးနဲ့ချစ်ဖို့ကောင်းနေတာသတိထားမိသည်ဝမ်လေးသူ့အရှေ့ကကောကောသူ့ကိုပေါက်ထွက်မတတ်ကြည့်နေသောအခါ မနေတတ်တော့ပဲ သူကပဲ မေးခွန်းထုတ်လိုက်မိတယ်