Part 5 (Uni&Zaw)

5.3K 410 7
                                    

Part 5 (Unicode)

ရှောင်းကျန့်လဲလူနာများကိုလိုအပ်သည့်ဆေးထိုးပေးပြီးသောက်ရန်ဆေးကို နာ့စ်များကိုမှာခဲ့ပြီး သူ့အခန်းသို့အမြန်ပင်ပြန်လေသည် အခန်းတံခါးဖွင့်ဖွင့်ခြင်းမြင်လိုက်ရသည့်မြင်ကွင်းလေးကသူ့ရင်ကိုအေးမြသွားစေသည် ဝမ်လေးက ပြတင်းတံခါးကနေ အပြင်က ကလေးတွေနဲ့လူကြီးလူရွယ် လူလတ်ပိုင်းများ ရောဂါသက်သာလို့တစ်ယောက်နဲ့တစ်ယောက် ပြုံးပြုံးရွင်ရွှင်နှုတ်ဆက်စကားပြောနေတာလေးကိုနှုတ်ခမ်းလေးများကပါးမို့ပေါ်တဲ့အထိပြုံးပြီးငေးကြည့်နေပုံလေးက အသက်ဝင်နေတဲ့ပန်းချီကား တစ်ချပ်လိုပင် 
နှစ်သက်မြတ်နိုးဖွယ်ကောင်းလှသည် အပြင်ကို ဘယ်လောက်စိတ်ဝင်စားနေသည်မသိသူဝင်လာသည်ကိုပင်အာရုံမရပေ  အဲ့ဒါတွေကြောင့်ရှောင်းကျန့်မှာစိတ်မချတာ ဘယ်လိုပဲကိုယ့်အခန်းဆိုဆို ဆရာဝန်တစ်ယောက်အခန်းဆိုတာ လိုအပ်ရင် ဝန်ထမ်းတွေနဲ့လူနာတွေ ကသူရှိမရှိလာကြည့်တတ်သောကြောင့်ပင်ဖြစ်သည် သူလဲ ဝမ်လေးနေတာကို အနှောင့်အယှက်မဖြစ်လိုတာကြောင့်ခြေသံဖွဖွနင်းတာ ဝမ်လေးဘေးနားသွားရပ်ပြီးမှ ဖြေးဖြေးချင်းအသံပြုလိုက်သည် ရုတ်တရက်အသံပြုလိုက်ရင်ဝမ်လေးလန့်သွားမှာစိုးရိမ်မိလို့ပင်ဖြစ်သည်

''ဝမ်လေး ဘာတွေများ ဒီလောက်စိတ်ဝင်စားပြီးနှစ်သက်နေတာလဲ ကောဝင်လာတာတောင်သတိမထားလောက်အောင်´´

''ဝမ်လေး သူတို့ကိုကြည့်ပြီးအားကျလို့ပါကော´´

''ဝမ်လေးက ဘာကိုအားကျတာလဲ သူတို့ကနေမကောင်းဖြစ်လို့ဆေးလာကု ရတာလေ အဲ့ဒါ အားကျလို့ကောင်းတဲ့အရာမှမဟုတ်တာ´´

''အာာ ကောကောကလဲ ဝမ်လေးကျ နုံအ တယ်ဆိုပြီး ကောကော ကျ ဝမ်လေးထက်ပို အ နေတယ် နေမကောင်းဖြစ်တာကိုတော့အားကျမလားလို့ သူတို့မှာနေကောင်းလာရင် စကားပြောစရာ သူငယ်ချင်းတွေအဆင့်သင့်ရှိကြတယ် ပြီးဒီလိုမျိုးလွတ်လွတ်လပ်လပ် သွားလာလို့ရတယ် အဲ့ဒါကိုအားကျတယ်ပြောတာ ဒါလေးတောင်သဘောမပေါက်ဘူး ဟွန့် ´´

''ကောကောပြန်ရှင်းပြရတာမောလာပြီရေဆာတယ်´´

''သြော် ဟုတ်ပါပြီဗျာ သွားယူပေးပါ့မယ်  ´´

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now