Part 6(Uni&Zaw)

5K 396 11
                                    

Part 6 (Unicode)

ရှောင်းကျန့်နဲ့ဝမ်လေး အခန်းထဲကနေအတူထွက်လာကြသည် ဝန်ထမ်များမှာ ရှောင်းကျန့်နောက်ကနေမျက်နှာလေးတပြုံးပြုံးနဲ့ကပ်လျက်လိုက်လာတဲ့ဝမ်လေးကို ကြည့်ပြီးပြန်ပြုံးပြကြသည် သူတို့ကိုအလွန်ချစ်စရာကောင်တဲ့ကလေးလေးက ပြုံးပြနေသည်ဟုထင်မိသောကြောင့်ပင်  ဝမ်လေးကတော့သတိမထားမိပေ သူ့အာရုံနဲ့သူမို့ပင် ရှောင်းကျန့်လဲအခန်းထဲကထွက်လာပြီး မိတ်ဆက်ပေးဖို့ပင်ရှိသေး Nurse တစ်ယောက်မှာမနေနိုင်ပဲ သူ့ဘာသာဝမ်လေးကိုလာ၍မိတ်ဆဖွဲ့နေသည် ဝမ်လေး၏မျက်နှာမှာ  မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနှင့်ပြည့်သည်ဟုဆိုရမည် သူ့မျက်နှာလေးမြင်သူတိုင်းက ချစ်စရာလေးဟုနှုတ်မှဖွင့်ဝန်ခံမိလောက်အောင်ပင် ဖြစ်သည်

''ကောင်လေး လာလာ အစ်မတို့က ဒေါက်တာရှောင်းကျန်ရဲ့ မိတ်ဆွေတွေပါ ´´

''ဟုတ်ကဲ့ ´´

ဝမ်လေးမှာပြန်ဖြေပြီးရှောင်းကျန့်အားလှမ်းကြည့်နေလေသည် နည်းနည်းတော့ တွန့်မိသည် လူစိမ်းတွေနဲ့မရင်းနှီးဖူးတာကြောင့်ဖြစ်မည် ရှောင်းကျန့်ကောကတော့ချွင်းချက် ကောကောရဲ့မျက်နှာကြောင့်လား စစတွေ့တွေ့ချင်းကတည်းက ပြုံးပြပြီး နူးနူးညံ့ညံ့လေး နှုတ်ဆက်စကားပြောတာကြောင့်လားတော့မသိပေ ဝမ်လေး ရှောင်ကျန့်ကိုအားကိုးတကြီးနဲ့ကြည့်နေမိသည်

ရှောင်းကျန့်မှာဝမ်လေးအကြည့်ကိုသဘောပေါက်သည်ဝမ်လေးအားစိုးထိတ်မကြောက်ရွံစေအောင်လက်လေးတ်ဖက်ကိုင်ပြီးအမြန်ပင်မိတ်ဆက်ပေးလိုက်သည်

''အားလုံးပဲ မိတ်ဆက်ပေးချင်လို့ပါ ဒါကျွန်တော်ရဲ့သက်ဆိုင်သူပါ  ဝမ်လေးလို့ခေါ်ပါတယ်  ကျွန်တော်ကိုချစ်ခင်လေးစားသလို ဝမ်လေးကိုလဲ ချစ်ခင်လေးစားဂရုစိုက်ပေးကြပါဦးခင်ဗျာ´´

''ဟင် ´´

''ဟာ ´´

''ဘယ်လို´´

''ဆရာရှောင်းတကယ်လား´´

''တစ်မျိုးမထင်ပါနဲ့ဒေါက်တာရယ်တစ်ခါမှ အဲ့ဒါနဲ့ပက်သက်ပြီး အစတောင်မခံတဲ့သူမို့ ပြန်မေးမိတာပါ´´

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now