Part 11 (Uni&Zaw)

4.2K 323 3
                                    

Part 11 (Unicode)

''ဖွား ပြန်လာပြီလား သားအမောပြေ ရေခပ်ပေးမယ်´´

''အင်း လိမ်မာလိုက်တဲ့ဖွားမြေးလေး´´

''မြေးလေး နောက်နေ့ကစပြီး မြေးကိုအပြင်ထွက်ခွင့်ပေးမယ် အပြင်လောကကိုလေ့လာပါ ဒါပေမယ့် ဝမ်နင်တို့ကိုတော့ခေါ်သွားရမယ် မြေးလေ့လာသင့်သလောက်လေ့လာပြီးရင် ကုမ္မဏီကိုမြေးဆီလွှဲပေးတော့မယ် အဖွားအနားယူတော့မယ် အသက်လဲရလာပြီမို့´´

''ဖွားကလဲ အသက်သိပ်မကြီးသေးပါဘူး အလုပ်ကိုနားချင်ရင်တော့နားပါ ​သားကြိုးစားပေးပါ့မယ် ဖွားလောက်မတော်ပေမယ့် ဖွားခြေရာနင်းနိုင်အောင်​ သား အကောင်းဆုံးကြိုးစားမှာပါ ´´

''အင်းပါ ဖွားက ဖွားမြေးကိုယုံပြီသားပါ ဖွားထက်တောင် ထက်မြက်မယ့်ကလေးဆိုတာကို ´´

''ဟုတ်ကဲ့ဖွားဟစိတ်မပျက်စေရပါဘူး´´

''ကောင်းပါပြီကွယ် ဖွားပင်ပန်းလာလို့အနားယူတော့မယ်´´

''ဟုတ်ကဲ့ ဖွား ကောင်းကောင်းနားပါ´´

ဖွား အပေါ်ထပ်တက်သွားမှ ဖွားကို ကောကော ဆီလိုက်ပို့ဖို့ပြောဖို့ရာ သတိရတယ် ဖွားက ကုမ္မဏီလွှဲပေးဖို့ပြောနေတာ နဲ့ မေ့သွားခြင်းပင်  ကောကောနဲ့နေခဲ့တဲ့ရက်တွေမှာလူတွေရဲ့ နေ့စဥ် လှုပ်ရှားမှုတွေ တချို့ကောင်းသောဖြစ်ပျက်ခြင်း နှင့် ဆိုးသော ဖြစ်ပျက်ခြင်း တွေကိုကြုံတွေ့ဖူးပြီးပြီဖြစ်သည် ထိုအချိန်မျိုးဆို ကောကော ကဘေးကနေ ဘာလုပ်ရင်ဘာဖြစ်မယ် ကောင်းတာလုပ်ခြင်းနဲ့ဆိုးတာလုပ်ခြင်းတွေရဲ့အကျိုးသက်ရောက်မှုတွေကို အသေးစိတ်ရှင်းပြပေးသည် တချို့ လမ်းမှာရန်ပွဲတွေ တွေ့လျှင် ရင်ခွင်ထဲ ပွေ့ဖက်ပြီးနောက်ဆိုဝေးဝေးကရှောင်ဖို့ကိုလဲ သတိပေးတတ်သည် ကောကော က ဝမ်လေးကို အဲ့လိုဂရုစိုက်ပြီဆို ရင်ထဲမှာ ဘယ်လိုမှန်းမသိ ကြည်နူးပြီးပျော်တာတော့အမှန်ပင်ဖြစ်သည်  ထိုသို့ခံစားချက်ကိုသူအမည်မဖော်တတ်ပေ

''မြေးရေ ထတော့လေ မနက်စာစားရအောင် ပြီးရင် ကုမ္မဏီသွားရဦးမှာမလား´´

''ဟုတ်ကဲ့ ဖွား နိုးလို့ သားအဆင့်သင့်ဖြစ်နေပြီ´´

''အေးအေး ကောင်းပြီ´´

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now