Part 7(Uni&Zaw)

4.7K 383 4
                                    

Part 7 (Unicode)

ရှောင်းကျန့်သည် သူ့ရှေ့ကဝမ်လေးတစ်ယောက်တည်းအိပ်ရမှာစိုး၍သူ့ကိုချွဲနေပုံလေးကအသည်းယားဖွယ်ကောင်းလှသည် သူကဝမ်လေးမနေရဲဘူးဆိုကတည်းကအတူအိပ်ပေးဖို့ဆုံးဖြတ်ထားပြီဖြစ်သည် ခုလိုဝမ်လေးချွဲတော့သူ့ဘယ်ဘတ်ခြမ်းထဲကဒုတ်ဆိုတဲ့အသံလေးမည်သွားသည်ကိုတော့တစ်ချက်သတိထားမိလိုက်သည်

''ဟုတ်ပါပြီ ဝမ်လေးရယ် ´´

''မအိပ်ရဲဘူးဆိုရင် ကောအတူအိပ်မှာပေါ့´´

''ဟုတ်ကဲ့ ကောကော ကျေးဇူးတင်ပါတယ်´´

''အိပ်ကြမယ်လေ ဝမ်လေးလဲပင်ပန်းနေရော့မယ် လာအိပ်ကြစို့´´

''ဟုတ်´´

ဝမ်လေးလဲရှောင်းကျန့်နှင့်အတူအိပ်ရန်ခုတင်ပေါ်တက်ပြီးရင်ခွင်ထဲတိုးဝင်လိုက်သည် အိမ်မှာလဲဖွားနဲ့အိပ်နေကြပဲဆိုပြီး

ရှောင်းကျန့်မှာဝမ်လေးကသူခုတင်ပေါ်တက်လှဲယုံပဲရှိသေးသူ့ရင်ခွင်ထဲတိုးဝင်လာသောကြောင့် ယောင်ပြီး လက်ကအော်တိုပွေ့ဖက်ပြီးသားဖြစ်နေမိသည်

''ဒါနဲ့လေကောကော နေ့လည်ကဆေးရုံမှာ ကောကောကဝမ်လေးကိုလေ  တခြားသူတွေနဲ့ မိတ်ဆက်ပေးတုန်းက ပြောတဲ့စကား ကိုဝမ်လေးနားမလည်လို့ရှင်းပြပေးပါ့လား´´

''သြော် ကောရဲ့သက်ဆိုင်သူ ချစ်သူပါ ဆိုတာကိုလား´´

''အင်း ဟုတ်တယ်´´

''အဲ့ဒါက ကောမှာက မိသားစု မရှိဘူးလေ အဲ့ဒါကြောင့်ဝမ်လေးကိုညီလေးလို့မိတ်ဆက်ပေးဖို့ကမဖြစ်နိုင်ဘူးလေ နောက်ပြီး ကောမှာရှိတဲ့သူငယ်ချင်းတွေနဲ့လဲ သူတို့နဲ့ကသိနေတာမို့ အဲ့လိုမိတ်ဆက်လိုက်တာ ဝမ်လေးစိတ်မဆိုးပါနဲ့နော် ကောအဲ့စကားရဲ့အဓိပ္ပာယ်ကိုရှင်းပြပြီးရင် ဝမ်လေး ကောကိုမျိုးမြင်ပြီး စိတ်တော့မဆိုးပါနဲ့ ကောပြောပြမယ်´´

''ဟုတ် ကောကော´´

''သက်ဆိုင်သူ နဲ့ ချစ်သူဆိုတာ ကောရဲ့အနာဂတ်မှာကောနဲ့အရာအာလုံးသက်ဆိုင်ပြီး ကောင်းကောင်းဆိုးဆိုး အေးတူပူသမျှတွေအတူရင်ဆိုင်မျှဝေပေးမယ့်သူ လို့ဆိုလိုတာ´´

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now