Part 8 (Uni&Zaw)

4.7K 356 6
                                    

Part 8 (Unicode)

ဝမ်လေးလဲအိပ်မယ်ဆိုပြီးရှောင်းကျန့်ကောကိုသီချင်းဆိုပြီးသူ့ကိုသိပ်ခိုင်းလိုက်သည် ဒါကိုရှောင်းကျန့်ကောကသူအသံမကောင်းသီချင်းမရပါဘူးဆိုပြီးငြင်းချင်သေးတဲ့သဘောမို့ မငြင်းလေအောင် ရတဲ့သီချင်းညည်းပေးယုံနဲ့ရတယ် ဘေးနားလူရှိတယ်ဆိုတာမျိုးဖြစ်အောင်ပါ ဆိုပြီးရအောင်ဆိုခိုင်းသည် စိတ်ထဲမှာဘာလို့မှန်းမသိရှောင်းကျန့်ကောကိုတခြားသူစိမ်းလို့မခံစားရပဲအရမ်းရင်းနှီးတယ်လို့ခံစားရသည် နောက်ပြီး ကောကောကိုဆို  ဆိုးချင်တယ်
ချွဲချင်တယ် ဂျီကျချင်တယ် အဲ့လိုစိတ်ကိုဖွားကလွဲပြီးတခြားသူစိမ်းဆီမှာဖြစ်ဖူးတာဆိုလို့ ရှောင်းကျန့်ကောကပထမဆုံးပင် အိမ်ကမမဝမ်ချင်နဲ့အစ်ကိုဝမ်နင် ကိုတောင်အဲ့လို မဖြစ်ဖူးဘူး  အခုလဲကောရင်ခွင်ထဲနေရတာ လုံခြုံနွေးထွေးတယ်လို့ခံစားရတယ် ဖွားရင်ခွင်ထဲမှာနေရတာနဲ့မတူ တမျိုးလေးခံစားရသည် ဒီခံစားရမှုမျိုးကိုသူမသိပေမယ့်သဘောကျသည် အခုလဲသိပ်မကြာင်မှာပင်သူ့မျက်ခွံများလေးလာပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်

ရှောင်းကျန့်လဲမနက်အစောနိုးလာလေသည် နှိုးစက်ပေးစရာမလိုပေ သူထနေကျအချိန်ရောက်ရင်မျက်လုံးကအလိုလိုပွင့်လာသည် လက်မောင်းတစ်ဖက် ကျဥ်ပြီးလေးနေတယ်ဟုခံစားရသောကြောင့် ငုံကြည့်လိုက်တော့ နဖူးပြေပြေလေးပေါ်မှာဆံပင်အနည်းအကျဥ်းကျနေပြီး နှာတံလုံးလုံးလေးနှင့် ဆိုးဆေးမလိုတဲ့သဘာဝရဲနေတဲ့နှုတ်ခမ်းဖူးဖူးလေးနဲ့ပါးအိအိဖောင်းဖောင်းလေးနဲ့ဝမ်လေးကိုမြင်လိုက်မှမနေ့ကဝမ်လေးနဲ့ဆုံဖြစ်ပြီးအိမ်ခေါ်လာတာကိုသတိရသွားသည်သူဝမ်လေးကိုကြည့်ကောင်းကောင်းနဲ့ကြည့်နေပြီးမှမနက်စာပြင်ဖို့သတိရလေသည် ခါတိုင်းလိုသူတစ်ယောက်တည်းဆို အလုပ်မသွားခင် ဖြစ်သလိုစားလို့ရတယ် အခုကဝမ်လေးရှိတယ် ဆိုတော့ ဒီဖြူဥလေးအာဟာရပြည့်ဝဖို့ လိုအပ်တယ် ဒါကြောင့် ရင်ခွင်ထဲကပေါက်စလေးကိုမနိုးအောင်အသာလေလေး မ ပြီးဘေးဘက်ရွှေ့ပေးခဲ့သည် သူလဲကိုယ်လက်သန့်စင်ပြီးတာနဲ့ မီးဖိုချောင် ဝင် ပြင်ဆင်ပြီး အလုပ်သွားရန်ရေချိုးဖို့အခန်းထဲပြန်ဝင်တဲ့အထိ ဝမ်လေးမှာတုပ်တုပ်ပင်မလှုပ်သေး သူလဲ သူအားလုံးပြင်ဆင်ပြီးမှ နှိုးမယ်ဆိုပြီးရေဝင်ချိုးလေတော့သည်

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now