Part 3(Uni&Zaw)

6.4K 486 24
                                    

Part 3(Unicode)

''ဝမ်လေးလာလေ ဘာစားမလဲ လာရွေးလေ´´

''ကောကော ဒါတွေစားရင် ချောင်းဆိုးမှာလားဟင်

ဖွားဖွားကပြောဖူးတယ် အရောင်အများကြီးပါတာတွေစားရင်ချောင်းဆိုးတတ်တယ်တဲ့ ´´

ရှေ့ကဖြူဖြူလုံးလေးကရောင်စုံမုန့်များအားလိုက်ကြည့်ပြီးပြောသောစကားများနားထောင်ပြီးရှောင်းကျန့်မှာသဘောတွေကျနေတော့သည်

''မဆိုးပါဘူးဝမ်လေးရယ်အရောင်ပါတယ်ဆိုပေမယ့်ကျန်းမာရေးနဲ့အညီလုပ်ထားတာပါစားလို့ရတယ် ဒီဆိုင်မှာ ဆရာဝန် လေးတွေ နာ့စ်မ် တွေတောင်လာစားနေကြတာပဲကို ´´

''ဟင် ဆရာဝန် လာစားတယ်ဆိုတာကောကောကဘယ်လိုလုပ်သိလဲ ဒီမှာကလူအများကြီးလေဘယ်လိုခွဲတာလဲ´´

''ဟားးး ဝမ်လေးရယ် ဆရာဝန်ဘယ်လိုခွဲရမှာလဲ လူပုံကြည့်ရုံနဲ့တော့ မသိနိုင်ဘူးလေ ဒါပေမယ့် ဆရာဝန်လာစားတာသိတယ်ဆိုတာကိုယ်ကိုယ်တိုင်စားနေတာမို့လေ´´

''အမ်  ဒါဆိုကောက ဆရာဝန်ပေါ့ ´´

''ဟုတ်ပ့ဗျာ ကောကဒေါက်တာပါ ကဲကဲဝမ်လေးမုန့်ရွေးပြီးပြီလား´´

''ဟုတ် ရွေးပြီးပြီ ဒီမုန့်လေးနဲ့စတော်ဘယ်ရီသီးဖျော်ရည်သောက်မယ်ကောကော´´

''အင်းအင်း ကောင်းပြီ ကောကောဟဘေရှင်းလိုက်ဦးမယ်ခဏနော် ´´

''ကောကော ဘေ ဆိုတာဘာကိုပြောတာလဲ´´

ဝမ်လေးမေးတာကိုကြားပြီးကြောင်သွားတာရှောင်းကျန့်တစ်ယောက်တည်းမဟုတ်ပေ ဘေဖြတ်ပေးဖို့ Credit Card ကိုင်တဲ့ဝန်ထမ်းနဲ့အအေးနဲ့မုန့်ထည့်နေတဲ့ဝန်ထမ်းရယ် လုပ်လက်စအလုပ်များရပ်ပြီးဝမ်လေးအားအထူးအဆန်းပုံစံဖြင့်ကြည့်နေကြသည်

ဝမ်လေးသည်သူ့ကိုကောကောနှင့်ကော်ဖီဆိုင်ကဝန်ထမ်လေးများကြည့်နေတာကြာလာသောအခါမနေတတ်သဖြင့်ရှောင်းကျန့်၏ အင်္ကျီခါးနားစလေးအားဖွဖွဆွဲပြီး

''ကောကော´´ဟုအသံပြုလိုက်သည်

ရှောင်းကျန့်လဲသူ့အင်္ကျီအနားစလေးအားဆွဲပြီးကောကောဟုအသံပြုမှ အခုလက်ရှိကို သတိဝင်လာခဲ့သည်

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now