Part 23 (Uni&Zaw)

3.6K 268 13
                                    

Part 23 (Unicode)

တစ်နှစ်ခန့်ကြာသောအခါ

''ပါးပါး ပါးပါး သားသားကိုအပြင်ကိုလိုက်ပို့ပါ´´

''သားသားကဘယ်သွားချင်လို့လဲ´´

''ကစားကွင်း´´

''အင်းအင်း ဟုတ်ပြီ ပါးပါးလိုက်ပို့မယ်နော် ကိုကိုဖန်းရှင်းကိုခေါ်လိုက်ဦးမယ် ´´

''ပါးပါးတို့ ကိုကို ဖန်ရှင်းမလာခင် အဆင်သင့်လုပ်ထားကြရအောင်´´

''ဟုတ်ကဲ့ပါးပါး အဲ့ဒါကြောင့်ပါးပါးကိုချစ်တာ´´

'' မွမွ´´

''ဟုတ်ပါပြီ ပါးပါးအသဲလေးရယ် လာ´´

ဝမ်လေးမှာသားသားလေးဝမ်ရိရှောင်းကို အပြင်ကို တစ်လတစ်ခေါက်တော့ အနည်းဆုံးလိုက်ပို့ဖြစ်သည် ဘာကြောင့်လဲဆို သားသားကို သူ့လို ဘာမှမသိ နားမလည် ပိုက်ဆံဆိုတာတောင် မသိခဲ့တဲ့ဆိုတာမျိုး မဖြစ်စေချင်

သားသားကလဲအလွန်လည်သည် ဘာပြောပြော နားလည်သည် သိမြင်တတ်မြင်လွယ်သည် သားသားကိုဝမ်လေး မွေးထားတယ်ဆိုတာကို ဖန်ရှင်းကသားသားနားလည်အောင်ပြောပြထားသည် ကောရဲ့ပုံကို ပြပြီး သာသားဒယ်ဒီ ဆိုတာကိုလဲပြောပြထား၍ ညဘက်ဆို ဒယ်ဒီနဲ့ပါးပါးကို ကန်တော့ပြီးမှအိပ်ဖို့ကိုလဲမမေ့

ဖန်ရှင်းကဘယ်လိုပြောပြထားသည်မသိ ဒယ်ဒီဘယ်ရောက်နေတာလဲ ဒယ်ဒီကိုခေါ်ပေးပါဆိုတာမျိုး ဂျီမကျ  အရမ်းသိတတ်လိမ်မာသည် တစ်အိမ်လုံးကိုပတ်မွှေပြီးဂျီကျတတ်ပေမယ့် သူ့ပါးပါးတော့မပါပေ ဝမ်ရိရှောင်းဆိုသည်မှာ အဲ့လိုပင် သူ့ပါးပါးကိုချစ်တဲ့သူဖြစ်သည်

''သားသားနေပူထဲမထွက်ရဘူးနော် ´´

''ဟုတ် ပါးပါး´´

''ကိုကို ဖန်ရှင်းသွားဆော့မယ်´´

''ကိုကိုရေ ဟိုဟာစီးမယ်´´

'' - -------------------------------´´

ဝမ်လေးသားသားကို မြင်ရတဲ့ အရိပ်တစ်ခုကနေပဲကြည့်နေလိုက်သည် သူ့အကို ဖန်ရှင်းလက်ကိုဆွဲပြီး တစ်ခုပြီးတစ်ခု ဆော့နေသည် ဖန်ရှင်းမှာ အရွယ်ရောက်နေပြီးသားဖြစ်သော်လဲ သူ့ညီအကြိုက် အကုန်လိုက်ဆော့ပေးသည် ဘေးနားက ကောင်မလေးများက သူ့ကိုကြည့်နေလဲ သူကတော့ ဂရုမစိုက်ပေ သူ့ညီမျက်နှာတစ်ချက်မညှိုးမခဲသူဖြစ်သည် ဖန်ရှင်းနဲ့သားသားဆော့နေတာကိုကြည့်နေစဉ်မှာပဲ ကောင်မလေးတစ်ယောက်က အနားရောက်လာပြီး

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now