Part 9 (Uni&Zaw)

4.2K 342 6
                                    

Part 9 (Unicode)

ဝမ်နင် မှာ သူသခင်လေးကိုရှာနေတာတစ်ပတ်ပင်ရှိနေသော်လည်းမတွေ့သေးပေ အိမ်ကိုလဲမပြန်ရပဲ ဖွားပေးထားသော ကဒ်ထဲကငွေနှင့်သာ အပြင်မှာ ကြုံသလိုဖြေရှင်းနေရသည် ဖွာ၏တစ်ချက်လွှတ် အမိန်ကြောင့် မမဝမ်ချင် ကိုသတိရလို့တွေ့ချင်သော်လည်း မပြန်ရဲပေ

တစ်ဖက်က ဝမ်လေးဖွားမှာ သူ့မြေးလေး ကိုအခုထိပြန်မတွေ့သေးသောကြောင့် အစာမဝင်ပေ နောက်ဆုံးတော့ လွှတ်ပြီး စုံစမ်းခိုင်းထားတဲ့လူတွေ အားမရသောကြောင့်သူကိုယ်တိုင်သာ ထွက်၍ ရှာလေသည်

''ဖွားဖွားကြီး ကျွန်တော်တို့လဲလိုက်ခဲ့မယ်လေ´´

''ရတယ် ငါ့နောက်ကိုမလိုက်ပဲနဲ့ မင်းတို့တွေသာ အရပ်လေးမျက်နှာကို ဖြန့်ကျက်ရှာကြ ငါ့ဒီဘက်ကိုငါ့ဘာသာတစ်ယောက်တည်းသွားရှာလိုက်မယ်သွားကြတော့သွားအမြန်ရှာကြ အချိန်တွေဖြုန်းမနေနဲ့´´

ဒီလိုနဲ့လမ်းနည်းနည်းလျှောက်ရှာနေရင်း မှာပင်ခေါင်းထဲရိပ်ခနဲမူးလာသည် ဖွားမူးပြီးမလဲခင်မှာပင်အနောက်ကလူတစ်ယောက်ကထိန်းပေးထားသည်

''ဒီမှာခင်ဗျ ရရဲ့လား ဘာဖြစ်သွားသေးလဲ ´´

''ရပါတယ်ကွယ် ဖွားခေါင်းနဲနဲ မူးသွားလို့ပါ´´

''သြော် ဟုတ်ကဲ့  အဖွားကြည့်ရတာ အားပြတ်ပြီးမူးတာထင်တယ် ´´

''အင်း ဟုတ်တယ် ထင်တယ် လူလေး´´

''ဒါဆို အဖွားကျွန်တော် တိုက်ခန်း လိုက်ခဲ့ပါ့လား အားဆေးသွင်းခဏနားနေလိုက်ရင်ကောင်းမှာပါ´´

''ဒါဆို မင်းကဆရာဝန်လား´´

''ဟုတ်ကဲ့ ခင်ဗျ´´

''ကျွန်တော်တိုက်ခန်းက ဒီနားတင်ပဲမို့ ဆေးရုံဆေးခန်းပို့တာထက် အဖွားပိုအဆင်ပြေအောင်လို့ပါ ´´

''ကောင်းပါပြီ ကျေးဇူးတင်ပါတယ်´´

ဒီလိုနဲ့ရှောင်းကျန့်အဖွားကိုသူ့တိုက်ခန်းသို့ခေါ်၍လာလေသည် လက်တစ်ဖက်က အဖွားကိုကူတွဲထားသဖြင့် Password ရိုက်ဖို့ရာ အဆင်မပြေသဖြင့် အရှေ့က ဘဲလ်တီးပြီးအထဲမှဝမ်လေးကိုအကူအညီပေးရန်လှမ်းခေါ်လိုက်သည်´´

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now