Part 22 (Uni&Zaw)

3.6K 273 16
                                    

Part 22 (Unicode)

သုံးလခန့်ကြာသော်

''ဟယ် ကလေးလေးကချစ်စရာလေးတော့်´´

''လိမ်မာလိုက်တာ မငိုဘူးနော် ´´

''သူ့ပါးပါး ပင်ပန်းပြီးအိပ်နေတာကိုနိုးမှာစိုးလို့ထင်တယ်´´

''သူ့ပါးပါးလေးကိုကြည့်ပါဦး ကလေးမွေးပြီး ပင်ပန်းလို့အိပ်ပျော်နေတာလေး က အရမ်းချစ်ဖို့ကောင်းနေတာပဲ´´

''နာ့စ်မလေးတွေ ကလေးလက်ထဲပိုက်ပြီး ဝမ်လေးကိုကြည့်ပြီး တိုးတိုးပြောနေစဥ်မှာပဲ´´

''အူဝဲ အူဝဲ အူဝဲ´´

''လက်ထဲက ကလေးက ငိုနေပြီ ကလေးဖို့နို့မှုန့်သွားဖျော်ပြီးမငိုအောင်လုပ်လေ ဝမ်သခင်လေးကိုကြည့်မနေနဲ့ကြနဲ့လုပ်စရာရှိတာ ဆက်လုပ်ကြ´´

''ဟုတ်ကဲ့ ဟုတ်ကဲ့ ဒေါက်တာ ´´

''အမလေးလေးပေါက်စရယ် မင်းပါးပါးကို မကြည့်ရဲ တော့ပါဘူး သူ့ပါးပါးလေးကို ခဏ ကြည့်တာနဲ့ ထငိုတာတော် တွန့်တိုချက် ကလက်လန်တယ်´´

''အခုကျကြည့်ပါဦး သူမဟုတ်တဲ့အတိုင်းပဲတိတ်သွားလိုက်တာ´´

''ဟုတ်ပ့ ဟုတ်ပ့´´

ဝမ်လေး သားငိုသံကြားကတည်းကနိုးလာတာဖြစ်သည်ဒေါက်တာနဲ့ နာ့စ်မလေးများစကားပြောနေတာကို အစအဆုံး ကြားပြီး ပြုံးနေမိသည် သားသားလဲ သူ့အဖေလိုပဲ သူ့ကို တွန့်တိုနေပုံလေးကချစ်စရာ

''သခင်လေးဝမ် နိုးလာပြီလား´´

''ဟုတ်ကဲ့ဒေါက်တာ ´´

''နေရတာဘယ်လိုနေလဲ အဆင်ပြေရဲ့လား တစ်ခုခုလိုရင် ပြောပါနော်´´

''ဟုတ်ကဲ့ အဆင်ပြေပါတယ် ကျေးဇူးတင်ပါတယ်ဒေါက်တာ´´

''ဟုတ်ကဲ့ ဒါဆို ခွင့်ပြုပါဦး´´

''သခင်လေးဝမ် အဖွားအထဲ လွှတ်လိုက်ပါ့မယ်နော်´´

''ဟုတ်ကဲ့´´

''မြေးလေး ဘယ်လိုနေလဲ အဆင်ပြေရဲ့လား ´´

''ဟုတ် ဖွား အဆင်ပြေပါတယ်´´

''ဖွား မြစ် လေးကိုကြည့်ပါဦး ချစ်စရာ ကောင်းလိုက်တာ မြေးငယ်ငယ်ကလိုပဲ´´

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now