Part 18 (Uni&Zaw)

3.6K 273 3
                                    

Part 18(Unicode)

ဝမ်လေး ထမင်းမစားပဲဆန္ဒပြနေ၍ ဖွားမှာ စိတ်ပူနေလေသည်

''မြေးလေးရေ မြေးဖွားဝင်ခဲ့မယ်နော်  ´´

''ဟုတ်ကဲ့ ဖွား´´

''မြေးလေးထမင်းမစားဘူးဆို စားပါမြေးလေးရယ် ဖွားကိုစိတ်ပူအောင်မလုပ်ပါနဲ့နော်´´

''ဖွားကလဲ ထမင်းမစားဘူးဆိုတာ ဖွားကမြေးကိုစိတ်ချမ်းသာအောင် မှ မထားတာ သဘောမှမတူတာ ပြီးတော့ဖွားထမင်းလာကျွေးခိုင်းတဲ့ သက်တော်စောင့်တွေက ထမင်းလာကျွေးတာလဲ မျက်နှာထားတည်တည်ကြီးနဲ့လေကြောက်စရာအရမ်းကောင်းတာပဲ´´

''ဟုတ်လား ဒါဆိုရင် ဖွား ဝမ်နင်ကို လွှတ်လိုက်မယ် မြေးလေးစားမလား´´

''အစ်ကို ဝမ်နင်ဆို ရင်တော့စားမယ်လေ´´

''အင်းပါ သူကမြေးလေးအပေါ်စိတ်ရှည်တယ် ထမင်းစားချင်အောင်လဲ ကျွေးတတ်တော့ သူ့ကိုပဲဖွား ကျွေးခိုင်းလိုက်မယ်နော်´´

''ဟုတ်ကဲ့ ဖွား´´

ဒီလိုနဲ့ ဝမ်နင် ဝမ်လေးဆီသို့ရောက်လာလေသည်

''ဒေါက် ဒေါက်´´

''အစ်ကိုဝမ်နင်လား ဝင်ခဲ့လေ ဝမ်လေးလော့မချထားဘူး´´

''ဟုတ်ကဲ့သခင်လေး´´

''ရောက်လာပြီလား အစ်ကိုဝမ်နင် အတော်ပဲ ဝမ်လေး ကုမ္မမဏီ ကအကြောင်းတွေသိချင်လို့ ပြောပြပါ´´

''​ဟုတ်ကဲ့ ကျွန်တော်သိသလောက်ပြောပြပါ့မယ် သခင်လေး´´

''ကုမ္မဏီက ရှယ်ယာစျေးထိုးကျနေရခြင်းရဲ့ အဓိကအကြောင်းမှာ ကျူးဝမ်ချောင်တိုက်ခိုက်နေခြင်းဖြစ်သည် စေ့စပ်ပွဲပျက်ရုံ လောက်နဲ့ ဒီလောက်ရှယ်ယာ ထိုးမကျပေမယ့် သခင်လေးနဲ့ ရှောင်းကျန့်လက်ဆွဲပြီးထွက်သွားတဲ့ပုံကိုရိုက်ယူထားပြီး ရှယ်ယာရှင်တွေရှေ့မှာချ ပြတာ ´´

''သခင်လေးကယောကျ်ား လေးတစ်ယောက် တစ်ယောက်နဲ့ကြိုက်နေတယ် ဆိုပြီးပေါ့ နောက်ထပ်က သခင်လေးလုပ်ထားတဲ့ လျှို့ဝှက် ပရော့ဂျက် ကို ကျူးဝမ်ချောင်က ပိုက်ဆံတွေနဲ့ လာဘ်ထိုးပြီး သူ့ဘက်ပါလာအောင်လုပ်ပစ်လိုက်တာ အဲ့ဒါကြောင့်ဖွားက လူယုံထပ်မထားတော့ပဲ နေတော့တာပါ သခင်လေး´´

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now