Part 21(Uni&Zaw)

3.6K 254 8
                                    

Part 21 (Unicode)

''အဖွားကြီး  ကျုပ်ကိုထောင်ထဲပို့မယ်ပေါ့ ဟားဟားဟား ´´

''လူသတ်တာပဲ ဘယ်လောက်ထောင်ကျမှာမို့လို့လဲ´´

''ကျုပ်ဆိုတဲ့ ကျူးဝမ်ချောင်က ပြန်လွတ်လာဦးမှာ´´

''ဘယ်သူပြောလဲ မင်းလွတ်လာဦးမယ်လို့ ´´

''ငါက မင်းကိုဒီလို လွယ်လွယ်နဲ့လွှတ်မယ်ထင်လို့လား´´

''မင်း ဘဝ တင်မဟုတ်ဘူး မင်းရဲ့စိတ်ပါ သေအောင်သတ်မှာ´´

''ဒါပေမယ့် ငါ့လက်နဲ့မဟုတ်ဘူး´´

''မင်းလိုလူအမှိုက်အတွက် ငါ့လက်နဲ့မတန်လို့´´

''မင်းကိုအခုဆို စီးပွားရေးလောက ကလူတွေလဲမယုံကြည်ကြတော့ဘူး´´

''မင်း ငါ့တို့မိသားစုကို လုပ်ကြံသလို အနီးကပ်လူယုံထားပြီး လုပ်ကြံမှာစိုးလို့ မင်းအသိုင်းအဝိုင်းကလူတွေလဲဖယ်ကျဥ်ထားလိုက်ကြပြီ´´

''အခု ဆို မင်းလူယုံတွေက ငါ့ဆီလာပြီး ဒူးထောက်ခစားနေကြတယ် ဒါတောင်ငါခေါ်တာမဟုတ်သေးဘူးနော်´´

''အခုနေ မင်းလူနဲ့ မင်းပြန်သတ်ခိုင်းလိုက်လို့ရတယ် မင်းအနားမှာ မင်းယုံကြည်ရမယ့်သူဘယ်သူမှမရှိတော့ဘူး´´

''မင်းအစစအရာရာ သတိထားနေပေါ့ ´´

''ခင်ဗျားးးခင်ဗျားကြီး´´

''သွား  သွား သွား ငါ့နားဘယ်သူမှမလာနဲ့´´

ဆိုပြီးကျူးဝမ်ချောင်းရဲတွေလက်ထဲကမှာအော်ဟစ်ရုန်းကန်နေသည်

.............................................................................................

ခြောက်လခန့်ကြာသော်

''ဖွားဖွားကြီး´´

''အင်းပြော ဝမ်နင်´´

''ကျူးဝမ်ချောင် ကို အရူးထောင်ပို့လိုက်ပြီတဲ့´´

''ကိုယ့်ကိုယ်ကိုတောင်မသိတော့ဘူးတဲ့ ဘေးနားကဘယ်သူ့မှလဲမယုံကြည်တော့ပဲ တစ်ခုခုဆို ထိန်လန့်ပြီးလိပ်ပြာမလုံဖြစ်နေတယ်´´

''ည ညဆိုလဲမအိပ်ဘူးတဲ့´´

''နောက်ဆုံး အရူးထောင်ပို့လိုက်ရတာပဲ´´

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now