Part 4(Uni&Zaw)

5.5K 443 6
                                    

Part 4 (Unicode)

''ဝမ်လေး လိုက်မယ်ဆိုရင်တောင်အခုလောလောဆယ်ကောကဂျူတီချိန်ရှိသေးလို့ ဆေးရုံကကောရုံးခန်းထဲအရင်နေရမှာ အဆင်ပြေလား´´

''ဟုတ် ကောကော ရပါတယ် ဝမ်လေးနေတတ်ပါတယ်´´

''ကောဂျူတီချိန်က ၆ နာရီဆိုပြီးပြီ အဲ့အချိန်မှကော တိုက်ခန်းပြန်မှာ အဲ့အချိန်ထိ ကောရုံးခန်းထဲမှာစောင့်နေပေးနော် ပြီးမှဝမ်လေးပြန်မယ့်အကြောင်းဆွေးနွေးကြမယ်လေ ´´

''ဟုတ်ကဲ့ ရပါတယ်ဆို ကောကောကလဲ´´

''ဟုတ်ပါပြီကွာ ဒါဆို ဝမ်လေးစားပြီးရင် သွားကြရအောင်´´

''ဟုတ်´´

ရှောင်းကျန့်လဲဝမ်လေးကိုပြောပြီးတာနဲ့ဆိုင်ထဲကနေနှစ်ယောက်အတူထွက်လာခဲ့သည် ဆေးရုံနဲ့ကော်ဖီဆိုင်က ၁၀ မိနစ် လောက်လမ်းလျှောက်ရင်ရသဖြင့် လမ်းဖြင့်သာလျှောက်၍ပြန်လာခဲ့သည် ဘေးမှဝမ်လေးမှာလဲလမ်းလျှောက်နေရင်းကတွေ့သမျှအရာအတိုင်းကိုအထူးအဆန်းဖွယ်လိုက်လံကြည့်နေလေသည် လမ်းသွားလမ်းလာများမှာ ဝမ်လေးနှင့်ရှောင်းကျန့်အား လှည့်ကြည့်လှည့်ကြည့်ဖြင့်သွားနေကြသည် ကြည့်နေသည်မှာအခြားကြောင့်မဟုတ်ပေ ဘေးမှမြင်သမျှအရာတိုင်းကိုအထူးအဆန်းလိုက်မော့ကြည့်နေသဖြင့်ရှေ့နောက်အောက်ကိုကြည့်မလျှောက်တော့ခလုတ်တိုက်မိမှာတစ်ခုခုနဲ့ထိတိုက်မိမှာစိုးလို့ရှောင်းကျန့်မှာ ဝမ်လေးနောက်ကနေပြီးလက်ကားယားခြေကားနဲ့ကလေးထိန်းကြီးကိုဖြစ်လို့ အရပ်ရှည်ရှည်ခြေလှမ်းကျဲကျဲ လှမ်းတတ်သူဆိုတော့ အခုသူ့ပုံစံမှာအရမ်းကို့ယို့ကားနိုင်နေမှန်းဘယ်သူမှမပြောလဲကိုယ့်ကိုယ်ကိုသိနေသည် ဒီလိုနဲ့ဆေးရုံပြန်ရောက်လာပြီး ဆေးရုံက သူ့အခန်းထဲပဲတိုက်ရိုက်ခေါ်သွားလိုက်သည်ပြီးမှပဲဆေးရုံကဝန်ထမ်းတွေကိုမိတ်ဆက်ပေးတော့မည်ဟုတွေးလိုက်သည်

''ဝမ်လေးကောအခန်းထဲခဏနေခဲ့ဦးနော် ကောဂျူတီဝင်ဦးမယ် ´´

''ဟုတ်ကဲ့ ကောကော ´´

''ဝမ်လေးပျင်းရင် ကောဖုန်းယူထားလိုက်လေ ဂိမ်းဘာညာဆော့ဖို့´´

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now