Part 17 (Unicode)
ရှောင်းကျန့်လဲဝမ်လေးသူ့ဆီ ရောက်နေတာတစ်ပတ်ပင်ပြည့်ပြီဖြစ်သောကြောင့် ဝမ်လေးအိမ်သို့လိုက်ပို့ရန်ပြင်လေသည်
''ဝမ်လေးပြီးပြီလား သွားရအောင်လေ´´
''ဟုတ်ကော ပြီးပြီ ´´
''ဒယ်ဒီနဲ့ပါးပါးသားလဲလိုက်ချင်တယ်´´
''နောက်မှ ခေါ်မယ်သား´´
''နောက်တစ်ခေါက် ကျရင်ခေါ်မယ်နော်ဖန်ရှင်း´´
''ဟုတ်ကဲ့ပါ ဒယ်ဒီနဲ့ပါးပါး ´´
ဒီလိုနဲ့ရှောင်းကျန့်နဲ့ဝမ်လေးအဖွားအိမ်သို့ရောက်လာလေသည် ဝမ်လေးတစ်လမ်းလုံးကားပေါ်မှာ အဆင်ပြေစေဖို့ဆုတောင်းနေသည်ကိုမြင်ရသည်မှာ အသဲယားစရာအတိပင် လက်လေးနှစ်ဖက်ယှက်ပြီး မျက်လုံးလေးစုံမှိတ် စိုစိုအိအိနှုတ်ခမ်းလေးကတစ်ချက်တစ်ချက် စုချွန်လာပုံမှာ စိတ်ကိုမနည်း ထိန်းထားရလေသည်
''စိတ်မပူပါနဲ့ ဒီတစ်ခါ ကော ဘယ်မှထွက်မသွားတော့ဘူးကတိပေးတယ် ဝမ်လေးဘေးနားမှာပဲတစ်သက်လုံး တောက်တဲ့လိုကပ်နေမှာ စိတ်ချနေနော်´´
''စိတ်မပူပါနဲ့ ကောတို့အကောင်းဆုံးကြိုးစားရင်ဆိုင်ပြီး အတူတူ ဖြတ်ကျော်ကြမယ်´´
''ဟုတ်ကဲ့ ကော ဝမ်လေးကစိတ်ပူလို့ပါ ကောနဲ့မဝေးချင်ဘူး´´
''စိတ်ချပါ ဘယ်တော့မှမဝေးစေရဘူးနော်´´
''ဟုတ်ကဲ့ကော ´´
''ရှေ့ကခြံဆိုရောက်ပြီကော ဟွန်းတီးလိုက်´´
''အင်းအင်း´´
တီတီ
ရှောင်းကျန့်လဲဝမ်လေးပြောတာနဲ့ ကားကိုဟွန်းတီးလိုက်တော့ ခြံတံခါးလာဖွင့်ပေးတာနဲ့တစ်ခါတည်းဝင်လာရင်းကခြံထဲမျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်သည် အတော်ကျယ်တဲ့ခြံ ချမ်းသာတဲ့သူတွေနေတဲ့နေရာလို့ ပြောစရာမလိုအောင်ပင် အပြင်အဆင်ကခန့်ထည်လှသည် ပေါ်တီအောက်ကားရပ်လိုက်ပြီး အိမ်ကြည့်လိုက်တော့ ဝါးးးးးး အိမ်လား နန်းတော်လား လို့ပင်ထင်ယောင်ထင်မှားဖြစ်မိသည် ဝမ်လေးဒီလောက်ချမ်းသာမှန်းသူမသိပေ မသိဆိုတာထက်ဝမ်လေးပိုင်ဆိုင်မှုကို စိတ်မဝင်စားတာဆိုတာပိုမှန်မည် ဒီလိုချမ်းသာပြီးလိုလေးသေးမရှိ လက်ညှိုးညွှန်ရာ ရှေ့မှောက်အရောက်ပို့နိုင်လို့လဲ သူနဲ့စတွေ့တုန်းကဝမ်လေး ပိုက်ဆံကိုမသိခြင်းဖြစ်လိမ့်မည်ဟု တွေးမိလေသည်