Part 30 (Uni & Zaw)

6.5K 236 30
                                    

Part 30 (Unicode)

The end

''ဖွားဖွား ဒယ်ဒီတို့က အခုထိလဲဆင်းမလာကြဘူး မနက်စာလာစားတာလဲမတွေ့ဘူးနော်´´

''ဒယ်ဒီတို့ ဆင်းလာပါလိမ့်မယ် ပြင်ဆင်လို့မပြီးသေး လို့ဖြစ်ပါလိမ့်မယ် ​မြစ်လေးက ဖွားဖွားနဲ့ခြံလမ်းလျှောက်ကြမယ်လေ´´

''ဟုတ်ကဲ့ဖွားဖွား  သားသား ဖွားကိုအဖော်ပြုပေးမယ်လေ´´

''အမယ်လေး လိမ်မာလိုက်တဲ့ ဖွားမြစ်လေး´´

''ဟီးဟီးးးးး´´

''ဖွား မြစ်လေးက လိမ်မာတော့ ဆုချရမှာပေါ့´´

''ဘာဆုလဲ ဖွားဖွား´´

''ကစားကွင်း လိုက်ပို့မယ် မြစ်လေးသွားချင်တာမှန်သမျှကိုပေါ့´´

''ဝိုးးးး ပျော်လိုက်တာ ယေး ဒါမှသားသားဖွားဖွား´´

''ကစားကွင်း သွားရမှာကို အဲ့လောက်ပျော်တာလား မြစ်လေး´´

''ဟုတ်ကဲ့ ဖွားဖွား အရမ်းပျော်တာ သားသားက ´´

''ဒယ်ဒီနဲ့ပါးပါးနဲ့ ကိုကိုနဲ့ဖွားနဲ့ မိသားစု လိုက်ကြီးသွားချင်နေတာကြာပြီ သားသားက ´´

''ဟင် ဒါဆို အရင်တုန်းက သားသားက ဖွားနဲ့သားသားရဲ့ပါးပါးကို ဘာလို့မပူဆာတာလဲ´´

''ဟင့်အင်း သားသား ပူဆာလိုက်ရင် ပါးပါးပိုဝမ်းနည်းသွားမှာ စိုးလို့ပါ´´

''အော် မြစ်ကလေးရယ်´´

''အခု အချိန်ကုန်တဲ့ထိ သားအဖ လေးယောက် ပျော်ပျော်ရွှင်ရွှင် လည်ခဲ့နော် မြစ်လေး ´´

''ဟုတ်ကဲ့ ဖွားဖွား သွားချင်တာမှန်သမျှ သွားမယ် စားချင်တာတွေကိုလဲ စားမယ် ပျော်စရာကြီး´´

''အင်း ကောင်းကောင်းလည်ခဲ့ကြနော် မြစ်လေး ဖွား မုန့်ဖိုးအများကြီးပေးလိုက္မယ်´´

''ဟင် ဒါဆို ဖွားဖွားက မလိုက်ဘူးလား´´

''အင်း ဖွား မလိုက်တော့ဘူးလေ ´´

''ဟင်းးးးးဖွားကလဲ သားသားက´´

''ဖွားဖွား ကအသက်ကြီးပြီမို့ အများကြီးလဲမလည်နိုင်ပါဘူး မြေးလေးတို့ မိသားစုပဲ ပျော်ပျော်လည်ခဲ့ကြ ဖွား ဘုရား သွားမယ် မြစ်လေးကို အိမ်ကစောင့်နေမယ်လေ ´´

You've reached the end of published parts.

⏰ Last updated: Sep 04, 2020 ⏰

Add this story to your Library to get notified about new parts!

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now