Part 27(Uni&Zaw)

4.2K 259 55
                                    

Part 27 (Unicode)

''အားလုံးပဲစိတ်မပူကြပါနဲ့ ဘာမှမဖြစ်ပါဘူး ခေါင်းထဲနည်းနည်း ရှုပ်ထွေးသွားပြီး စိတ်ဖိစီးသွားလို့လို့သတိမေ့သွားတာပါ မကြာခင်သတိပြန်ရပါလိမ့်မယ် ´´

''သြော် ဟုတ်ကဲ့ ဖာသာ ကျေးဇူးတင်ပါတယ်´´

''ရပါတယ် ခဏစောင့်ပေးကြပါဦး´´

''ဟုတ်ကဲ့´´

ဝမ်လေးမှာကောအမြန်သတိရဖို့ကိုနှုတ်မှတဖွဖွဆုတောင်းနေမိသည်

ဒယ်ဒီမြန်မြန်နိုးလာပါစေဆိုပြီစဖန်ရှင်းနဲ့ရှောင်းဝမ်ရှင်းမှာလဲ စိတ်ကနေ အကြိမ်ကြိမ်ဆုတောင်းနေမိသည်

ဝမ်လေးဖွားကတော့ သူမပြုသမျှကုသိုလ်ကောင်းမှုအကျိုးပြု၍ရှောင်းကျန့်အမြန်ပြန်နိုးလာပြီးအရာအားလုံးအကောင်းပကတိ အတိုင်းပြန်ဖြစ်ပါစေဟုဘုရားကိုရည်မှန်းကာ တိုင်တည်နေမိတော့သည်

မကြာခင်မှာပဲ..............

''အင်းဟင်း  အင်း   အင်းး ဟင်းး´´

''ကော ကော သတိရပြီလား´´

''ဒယ်ဒီ ဒယ်ဒီ နိုးပြီလား သားတို့ကို မြင်ရလား´´

''ရှောင်းကျန့်လူကသတိရနေပြီဖြစ်သော်လည်းလေးလံနေပြီးဖွင့်ဖို့ခက်ခဲနေသော မျက်လုံးများက သူအနှစ်နှစ်အလလ က ကြိုးစားပုံဖော်နေခဲ့ရသော ဝမ်လေးအသံကို နားမှာကြားလိုက်ရ၍ ဆတ်ခနဲဖွင့်ကြည့်မိလိုက်သည်´´

''ရုတ်တရက်ဆိုတော့ မျက်လုံးများပြာဝေသွားသဖြင့် ပြန်မှိတ်နေလိုက်ရသည်´´

ထိုအကြောင်းကို မသိပဲ ဝမ်လေးတို့သားအဖတစ်တွေမှာ ရှောင်းကျန့် သတိပြန်မေ့သွားတယ်ထင်ပြီး လန့်ပြီးအော်ခေါ်မိတော့သည်

ရှောင်းကျန့်ဝမ်လေးသူ့ကိုစိတ်ပူနေပြီဆိုတာသိ၍ မျက်လုံးအမြန်ပြန်ဖွင့်ပြီးသူဘာမှမဖြစ်ကြောင်းအမြန်ဖြေရှင်းရတော့သည် ထို့သို့မဟုတ်ပါက ဝမ်လေးအတွက်မလွယ်ကူတော့ဘူးဆိုတာ သူသဘောပေါက်လေသည်

''ဝမ်လေး ´´

''ဗျာ ကော ကော သတိရပြီလား´´

''ဘယ်လိုနေသေးလဲ´´

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now