Part 16 (Uni&Zaw)

4.4K 290 7
                                    

Part 16 (Unicode)

''ဝမ်လေးငိုအောင်ဘာလုပ်လိုက်တာလဲ  ဝမ်လေးစိတ်ဆင်းရဲအောင်ဘာတွေလျှောက်ပြောနေ´´

''သားဘာမှမပြောပါဘူးဒယ်ဒီကလဲ´´

''ဒယ်ဒီကပါးပါးတစ်ယောက်တည်းကိုပဲချစ်လာတယ်ဆိုတာကိုပြောပြတာပါ´'

''အဲ့ဒါကိုပါးပါးဝမ်က ဒယ်ဒီချစ်တာသိပြီးဝမ်နည်းလို့ငိုတာကို´´

''ဒယ်ဒီနဲ့ ပါးပါးဝမ်လဲပြောချင်ဘူးနော် သားကဒယ်ဒီပဲပိုတယ်ထင်နေတာ ပါးပါးကဒယ်ဒီနဲ့ပက်သက်ပိုအသဲနုနေတယ် ကြာရင်သားတောင်နေစရာရှိပါ့မလား´´

''မရှိရင်ရင် မနေနဲ့ပေါ့ကွ အခုတော့ဖယ်ဖယ် ဝမ်လေးဘေးကနေ´´

''ဝမ်လေးလာလာ ကောဆီကို ကိုမနေနဲ့တော့ ခေါင်းကိုက်မယ် ညကလဲပင်ပန်းထားတာနဲ့ ကို အခုနားရအောင်နော်´´

''ဟုတ်ကဲ့ ကော´´

''ဖန်ရှင်းကိုမဆူပါနဲ့သူပြောပြလို့မှသိရသေး မပြောပြရင်ဒီတသက်သိရပါ့မလား ကောကလဲပြောပြမှာမှ မဟုတ်တာ´´

''ပြောပြစရာလားဝမ်လေးစိတ်ဆင်းရဲအောင်လို့ အခုတောင်သားပြောပြလို့ စိတ်ညစ်ပြီးငိုနေရပြီမဟုတ်ဘူးလား ကောကဝမ်လေးငိုတာမမြင်ချင်တာထက် မမြင်ရက်တာဆိုပိုမှန်မယ်´´

''ဒါပေမယ့်ဝမ်လေးလဲသိသင့်တယ်လေကောဝမ်လေးကိုဘယ်လောက်ချစ်တယ်ဆိုတာကို သိလဲသိချင်တယ်´´

''သိရမှာပါ ရှေ့လျှောက် ကောကိုဝမ်လေးနှုတ်ကဖွင့်မမေးရလောက်ကို ကောကဝမ်လေးကိုချစ်မှာမို့လို့ ကောအပြုအမူနဲ့ပဲသက်သေပြမယ် ကောကို စောင့်ကြည့််နေပေါ့´´

''စောင့်ကြည့်နေဖို့မလိုအောင်ကိုပဲဝမ်လေးကကောကို အပြည့်အဝယုံကြည်ပြီးသားပါ ဘာလို့ဆိုဝမ်လေးကလဲကောကို မပြောပြတတ်အောင်ချစ်တာမို့လို့လေ´´

''သိပ့ါဗျာ သိပါ့ ဝမ်လေးမပြောလဲ ကောကိုစတွေ့ကတည်းက ထုရိုက်ပြီးငိုချလိုက်ကတည်းက ဝမ်လေးရင်ထဲကောအမြစ်တွယ်နေပြီဆိုတာကိုပေါ့ ´´

''အာာ ကောကလဲ´´

''ဝမ်လေးရှက်တာချစ်စရာလေး အသဲယားလာပြီ ´´

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now