Part 2(Uni&Zaw)

6.6K 481 13
                                    

Part 2 (Unicode)

''မြေးလေးရေ မြေးလေး´´

''အဖွားကုမ္ပဏီခဏသွားမို့ဘာမှာဦးမလဲ´´

''ကိုယ်ကသာခေါ်နေတယ်မြေးလေးကအခန်းထဲမရှိဘူး´´
မြေးဘယ်ရောက်သွားပါလိမ့်အောက်ထပ်မုန့်ဆင်းစားနေတယ်ထင်တယ်ဆိုပြီးဝမ်ဖွားဖွားတစ်ယောက်ထမင်းစားခန်းထဲဝင်လာတော့လဲမတွေ့မိဘူး အဲ့ဒါနဲ့ အိမ်ကအလုပ်သမားတွေမေးကြည့်တော့လဲတစ်ယောက်မှမတွေ့သေးဘူးအောက်ထပ်ဆင်းမလာသေးဘူးပဲပြောနေကြတယ် ခေါင်းထဲမီးပွင့်သွားသလိုပဲ ဒါဆိုမြေးလေးကဘယ်ရောက်သွားတာလဲ ဝမ်ပါးပါးနဲ့မားမားဆုံးပြီးကတည်းကအပြင်လောကကိုပေးမထွက်ပဲအိမ်မှာပဲအစစအရာရာလိုလေးသေးမရှိအောင်ထားပြီးလက်ညှိုးညွှန်တာမှန်သမျှမြေးရှေ့မှောက်အရောက်ပို့ခဲ့တာ အခုတော့ မြေးလေးပျောက်နေတယ်ဆိုတော့ ကလေးကဘယ်မှသွားတတ်လာတတ်တာလဲမဟုတ်ဘူး အပြင်မှာကလူလိမ်လူညာတွေကပေါပါဘိနဲ့စိုးရိမ်လိုက်တာမြေးလေးရယ်
ဝမ်နင်းတို့ဘယ်ရောက်နေလဲလာခဲ့ကြစမ်း

" ဟုတ်ရောက်ပါပြီဖွားဖွားကြီး "

"မြေးလေးပျောက်သွားတာနင်တို့တစ်ယောက်မှမသိကြဘူးလားဘာလုပ်နေကြလို့လဲဒီကလေးလေးတစ်ယောက်တောင်မစောင့်ရှောက်နိုင်ဘူးလားအသုံးကိုမကျဘူး ",

" ဟို ဝမ်လေးက သရက်ပင်ပေါ်ကအပေါ်မှာမှည့်နေတဲ့အပင်မှည့်မှစားချင်တာ ခူးပေး ခူးပေးတဲ့အလုံးမှာလဲပွန်းရာပဲ့ရာပါရင်လဲမစားဘူး ထိပ်ကအညှာလေးရယ်သရက်ရွက်လေးရယ်မပါရင်လဲ မစားပဲသူစားချင်တာမလုပ်ပေးဘူးဆိုပြီးဖွားဖွားနဲ့တိုင်မယ်ပြောလို့ ဝမ်လေးကိုခဏစောင့်ပါဆိုပြီးကျွန်တော်တို့သွားခူးနေလို့ပါဖွားဖွား "

" ဝမ်ချင်တို့ကကောဘာလုပ်နေလဲ"

" ယိုးဒယားစပျစ်သီးစားမယ်ဒါပေမယ့်အခွံခွါပြီးအထဲကအစေ့ထုတ်ပေးပါတဲ့အဲ့ဒါကိုအလုံးပုံစံမပျက်စေနဲ့တဲ့ပျက်ရင်မစားဘူးဆိုလို့အဲ့ဒါခွာနေလို့ပါဖွာဖွား "

ဟင်းးးးးမြေးလေးနဲ့တော့ခက်တာပဲ အိမ်မှာပဲဘွဲ့ရအောင်ဆရာခေါ်ပြီးစာသင်ပေးပြီးကတည်းကဘွဲ့ရင်အပြင်ကိုသွားပါရစေခွင့်တောင်းနေတာကိုမြေလေးစိတ်မချလို့မလွှတ်မိတာနဲ့အိမ်ကလူတွေပေါက်ပေါက်ရှာရှာခိုင်းပြီးရအောင်ခိုးထွက်သွားတယ် မြေးလေးမှာပိုက်ဆံမပါဘာမပါနဲ့ ​ဖွားအရမ်းစိတ်ပူနေပြီမြေးရယ် ဖွားမြေးလေးဘေးမသီရန်မခပဲလူကောင်းလေးတွေနဲ့ဆုံပါစေ ဖွားပြုသမျှကုသိုလ်ကောင်းမှုများတိုင်တည်ပြီးဆုတောင်းပါတယ်

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now