Part 15(Uni&Zaw)

4.6K 322 8
                                    

Part  15 (Unicode)

ဖန်ရှင်းညကခေါင်းကိုက်လို့စောစောအိပ်ရာဝင်ခဲ့သည် အိပ်ခါနီး ပါးပါးတောင်မနှုတ်ဆက်ဖြစ်ပေ

မနက်ခင်းနိုးလာတော့ မီးဖိုထဲမှာပါးပါးမတွေ့သဖြင့် အခန်းတံခါးသွားခေါက်နှိုးသော်လည်းပြန်ထူးသံမကြားရပေ ဒါဆိုသေချာနေပြီ ပါးပါးဟိုတိုက်ခန်းသွားတာဖြစ်လိမ့်မည်ဟုဖန်ရှင်းတွေးလိုက်သည်

ဖန်ရှင်းလဲ တစ်ကိုယ်ရေသန့်ရှင်းပြီးတာနဲ့ ပါးပါးနဲ့သူ့အတွက်မနက်စာ ဝယ်ပြီး ပါးပါးရှိတဲ့တိုက်ခန်းသို့ ထွက်လာခဲ့လေသည်

''ပါးပါးရေ ပါးပါး သားလာတယ် ´´

ဆိုပြီး အသံပေးပြီးဝင်လာခဲ့သည် ပါးပါးနိုးရင် စားဖို့ အဆင့်သင့်ဖြစ်အောင် ဆိုပြီး မီးဖိုခန်းထဲ တိုက်ရိုက်သွားပြီးပြင်ဆင်နေလိုက်တော့သည်

ရှောင်းကျန့် အိမ်ရှေ့ကသားအသံစွာစွာကြားမှ နိုးလာခဲ့လေသည် သူ့ရင်ခွင်ထဲက ဝမ်လေးကတော့မနိုးသေးပေ

ညကသူသောင်းကျန်းသမျှ ဝမ်လေးမှာခံရသဖြင့် မနက်မိုးလင်းခါနီးမှ နှစ်ယောက်လုံး အိပ်ပျော်သွားကြသည် သူတောင် ဒီလောက်ပင်ပန်းနေရင် သူ့အောက်ကဝမ်လေးကတော့ နိုးလာရင်လှုပ်နိုင်မှာကို မဟုတ်ပေ

ဒါကြောင့်ညကတည်းက သန့်ရှင်းပေးပြီးသောက်ဆေးတိုက်ပြီးဆေးပါတစ်ခါတည်းထည့်ပေးထားသည်

သားလာပြီဆိုသူထမှရတော့မည်ဖြစ်သည် သူ့ရင်ခွင်ထဲကဝမ်လေးကို အသာလေးဘေးခေါင်းအုံးပေါ်ရွှေ့ပြောင်းပေးခဲ့ပြီးရေချိုးခန်းထဲဝင်လာခဲ့သည်

''ပါးပါးရေ ပါးပါး ပါးပါး မထသေးဘူးလား ´´

''ရှူးတိုးတိုး တိုးတိုးခေါ်ပါသားရ ပါးပါးနိုးပါပြီရေချိုးနေလို့ပါ´´

''ဘာလို့တိုးတိုးခေါ်ရမှာလဲ ဒီမှာပါးပါးနဲ့သားနှစ်ယောက်တည်းရှိတာကို သားကမနက်စာပြင်ပြီးပြီဆိုပြီးလာခေါ်တာ အယ့် ဧကန ပါး....ပါး  သားဒယ်ဒီလား´´

''အာ့ ဟေ့ကောင် တိုးတိုးပြောပါ ဟိုကကြားရင်မင်းနှုတ်ခမ်းနဲ့ထိုးနေမယ်´´

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now