Part 26 (Uni&Zaw)

4K 302 41
                                    

Part 26 (Unicode)

မင်္ဂလာနေ့ရက်ကို ရောက်လာခဲ့လေပြီ ဝမ်လေးသားသားကို​ဖျောင်းဖျရကြာမယ်ထင်ခဲ့ရပေမယ့်သားလေးကသူ့ကိုအရမ်းချစ်တဲ့အတွက်နားလည်မှုပေးလေသည် သားလေသည်အရွယ်နဲ့မလိုက်အောင် သိတတ်နားလည်လွန်းနေသည် ထိုကြောင့်လဲ သားလေးကိုအများအလယ်မှာမျက်နှာမငယ်စေချင်လို့ အခုလို ဆုံးဖြတ်ရခြင်းဖြစ်သည်

မင်္ဂလာပွဲကို ဘုရားကျောင်းလေးမှာ အသိမိတ်ဆွေအနည်းအကျဥ်းအချို့နဲ့ ကျင်းပရန်စီစဥ်ထားခြင်းဖြစ်သည် အခုအိမ်ကနေထွက်ရင် ဝမ်လေးရယ်သားသားရယ် ဖန်ရှင်း က ကားတစ်စီး ဖွား ဝမ်ချင် ဝမ်နင် ကကားတစ်စီး မမအားလီကတော့သူ့အစီအစဥ်နဲ့သူလာမယ်ပြော၍ ထားသည်

မြို့ပြင်နားက ဘုရားကျောင်းရောက်သော်အခါ ကပေါ်မှ သားသားကအရင်ပြေးဆင်းသွားသည် ဝမ်လေးနဲ့ဖန်ရှင်းမှာ သာသားနောက်ကနေ အပြေးလိုက်နေရသည် ဝမ်သေည် သတို့သားလောင်းဆိုသော်လည်း အထူးပြင်ဆင်ထားခြင်းမျိုး မရှိပေ ဒီအတိုင်း ခပ်ရိုးရိုး အနောက်တိုင်း ဝတ်ဆုံ တစ်စုံကို သာ ဝတ်ဆင်ထားခြင်းဖြစ်သည်

''သား ဖန်ရှင်း´´

''ဗျာ ပါးပါး´´

''ပါးပါးကို စိတ်မဆိုးဘူးမလား´´

''အခုလို ဆုံးဖြတ်ပြီး စီစဥ်လိုက်ရတဲ့အပေါ်မှာ´´

''မဆိုးပါဘူးပါးပါး´´

''ပါးပါး ဘာအတွက်လုပ်တာလဲဆိုတာ သားသိနေတာပဲလေ စိတ်ဆိုးစရာမရှိပါဘူး´´

''ပါးပါး ဆုံးဖြတ်ထားတာဟာ ပါးပါးချစ်လို့ကြိုက်လို့ ပါးပါးကောင်းဖို့အတွက် ဆုံးဖြတ်ထားတာမှမဟုတ်တာ´´

''ပါးပါး ညီလေးအတွက် ထားတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ ပေးဆပ်မှု ပါ သားနားလည်ပါတယ် ´´

''ဒါပေမယ့် ကော´´

''ဒီအချိန်မှာ ဒါတွေမတွေးပါနဲ့ ဒယ်ဒီသိနိုင်ခဲ့မယ်ဆိုရင်လဲပါးပါးကိုနားလည်နိုင်မှာပါ´´

''အင်းပါ သားရယ်´´

''ပါးပါးမှာ အခုလို ပါးပါးအပေါ်အရမ်းချစ် အရမါးလိမါမာပြီး သိတတ်တဲ့သားနှစ်ယောက်ရှိတာ ပါးပါး ဂုဏ်လဲယူတယ် ကျေလည်းကျေနပ်တယ်´´

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now