ရှောင်းကျန့်တို့ သားအမိရဲ့ နဂါးမျက်စောင်းမသိရှာသော စစ်သူကြီးမှာ သူလည်း
မင်းကြီး စကားများကို အခုမှနားလည်လာသလိုလို.....
တွေးလို့မှ မဆုံးသေး ရှင်မထံမှ တစ်ခါမှအပြစ်မဆိုစဖူး၊ ထွက်လာသောစကားသံက......"အဒါ၊ အကိုညံ့လို့ခံရတာ...မင်းကြီးကိုသေချာ
မမေးဘဲ အကိုကဘာလို့သဘောတူလိုက်တာလဲ၊
မင်းကြီးပြောတဲ့ ထဲမှာ မင်းသမီးနာမည်လုံးဝ
မပါပဲ ဝမ်မျိုးရိုးနဲ့လက်ဆက်ပေးပြီး ခမည်းခမက်
တော်မယ် ပြောတာမလား၊မင်းကြီးစကားပြော
ကြွယ်တာသိရဲ့သားနဲ့။"
"အခုဘယ်လိုလုပ်ကြမလဲ အကိုရဲ့၊ မင်းကြီး
ကကော ဘာလို့လုပ်ရက်ရတာလဲ၊ စကားမပြော
တတ်တဲ့ အရိုင်းအစိုင်း သူ့သားတော်ကို ဘာလို့
ကျွန်မသားလတ်နဲ့မှလဲ၊ အကိုရဲ့ ပြောပါဦး။"
"ငါလည်း ခေါင်းပူနေပြီ၊ ရှင်မရဲ့ မတွေးတတ်တော့ဘူးကွာ"။
အဖေနဲ့အမေ ပြောစကားကိုသာထိုင်နားထောင်နေတဲ့ရှောင်ကျန်းမှာလည်း ကျောက်ရုပ်အလား။
အမေပြောတာပိုစဉ်းစားရတယ်လေ၊ မင်းကြီးကဘာလို့ သူ့သားတော်လည်း...သူအခုလိုမစဉ်းစားချင်ပါ ဖြစ်နိုင်ရင်စဉ်းစားနေရမယ့်အစား စစ်သာထွက်တိုက်နေချင်တယ်၊ သူတကယ်ကိုစိတ်မရှည်တတ်သူပါ၊ အများကြီးစဉ်းစားရမှာဆိုးလို့ အမတ်မလုပ်ဘဲ စစ်သူကြီး လုပ်နေခြင်းပါ။"အကို၊ အကို မင်းကြီးမကြိုက်တာ တစ်ခုခုများ
လုပ်ထားသေးလား၊ မင်းကြီးနဲ့အတိုက်အခံ ဘာ
များ လုပ်ထားသေးလဲ၊ စဉ်းစားပါဦး အကို။"
"အကို ဘာမှ မလုပ်ထားပါဘူး ရှင်မရယ်။"
"ဒါဆို မင်းကြီးက သားလတ်ကိုများ မုန်းတီး
နေတာများလား။"
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Historical Fiction"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...