၎။ သူငယ်​ချင်းထံမှ

2.9K 225 3
                                    

ရှောင်းကျန့်​မှာအခန်းထဲ ပြန်​​ရောက်​​သော်​လည်း မနားနိုင်​၊ ​သေချာစွာ ပြန်​စဉ်းစားလည်း ဒီကိစ္စကလုံးဝ သမာရိုးကျမဟုတ်​၊ ဘယ်​လို​တွေး​တွေးသူ့အတွက်​​ကောင်းကွက်​ကိုမ​တွေ့ရတဲ့အ​ခြေအ​နေ........။

❄❄❄.....
ဘယ်​လို​တွေး​တွေး ဒါငါနဲ့၊ ငါ့မိသားစုကိုအရှက်​ရ​အောင်​ သိက္ခာချတာပဲ၊
ပြီး​တော့ ဒါနိုင်​ငံ​ရေးကိစ္စလည်း ပါမှာကျိန်း​သေတယ်​၊
မင်းကြီးဖြစ်​ပြီး မလုပ်​သင့်​တာကို လုပ်​တယ်​၊
ငါတို့မိသားစုကို မကြည်​ဖြူ လည်း ဒီ​လောက်​မလုပ်​သင့်​ဘူး၊ ဒါအရမ်းလွန်​သွားပြီ​၊
ငါက ​ယောကျာ်းချင်းယူဖို့ ကြို က်​ဖို့ မ​ပြောနဲ့
အခုငါ့အသက်​ ၂၄ နှစ်​ထိ ကြိုက်နှစ်​​သက်​တဲ့မိန်းခ​လေး မရှိ​သေးဘူး၊ အ​ဖေနဲ့အ​မေကလည်း
ငါ ၁၄ နှစ်​ပြည့်​ထဲက ငါအိမ်​​ထောင်​​ရေးကို ကိုယ့်​ဘာသာ စိတ်​ကြိုက်​ဆုံးဖြတ်​ခွင့်​​ပေးပြီးသားပါ၊
ခက်​တာက ငါ့ကိုသူတို့က အ​ရွှေးလွန်​​တော့မယ်​ဆိုကြတယ်​​လေ၊
ငါလိုချင်​တဲ့ပုံစံက ငါ့ ချစ်​သူမိန်းခ​လေးက မိန်းမသားဆန်​ပြီး၊ မိန်းမ​ကောင်းအင်္ဂါရပ်​နဲ့ပြည့်​စုံရမယ်​​လေ၊
ငါလည်းငါ့ကိုယ်​ငါ ​ယောကျာ်း​ကောင်းပီသ​အောင်​ ​နေတယ်​​လေ၊ ငါအခု အသက်​ ၂၄ နှစ်​တိုင်
ငါ့ လူပျို ဘဝကို မ​တော်​ရ​သေးတယ့်​ ဇနီး​လောင်း အတွက်​ ထိန်းသိမ်းလာတာ​လေ.....
ဘာလို့ခုမှ ​ယောကျာ်းတ​ယောက်​နဲ့လည်း....။

မရ​တော့ဘူး၊ ငါ​ခေါင်းကြီး ​ပေါက်​ကွဲထွက်​​တော့မယ်​ ထင်​တယ်​၊ အခန်းထဲထိုင်​​နေလို့ မဖြစ်​​တော့ဘူး၊ ဟွိုက်​ခွမ်း ဆီသွားရမယ်​၊ သူက ပညာ​ရေးအကြံ​ပေး အမတ်​၊ ပြီး​တော့​နောင်​တစ်​ချိန်
မင်းကြီး အတိုင်​ပင်​ခံ အမတ်​ဖြစ်​မယ့်​သူ​လေ။
❄❄❄❄❄

ရှောင်​ကျန့်​ ဟွိုက်​ခွမ်းတို့ အိမ်​​တော်​​ရောက်​​သော်
ကံ​ကောင်းစွာ ဟွိုက်​ခမ်း ရှိ​နေတာပါပဲ၊

"​ရှောင်​ကျန့်​ မလာစဖူး ပါလားကွ၊ မင်းမျက်​နှာကလည်း တစ်​တိုင်းပြည်​လုံး မင်းလုပ်​စာ စား​နေရတဲ့ ရုပ်​ပါလား၊ မင်းငါ့ကို နှစ်​ကိုယ်​ကြား ​ပြောစရာရှိတယ်​မလား။"

တော်​ဝင်​သည်​...သို့​သော်​ငြားလည်းWhere stories live. Discover now