၂၂။ မသိ​စေလို​သော

2.1K 219 17
                                    

.....ကိုယ့်​ရဲ့ Chinese Valentine's Day....
...Surprise ကို ချစ်​တို့ ကြိုက်​ပါ့မလား 😭
.....................................................................




မင်းသား​လေး ​ရေချိုး​ဆောင်​က ပြန်​လာတာ
မျက်​နှာ​လေးက ​ပေါက်​ထွက်​မတတ်​ နီရဲ​နေတာ
ပဲ၊ ငိုလာတာ​နေမှာ။

မင်းသား​လေးက တခါတ​လေ ​ရေချိုးကန်​မှာ
ငို​နေတတ်​တယ်​၊ မင်္ဂလာမ​ဆောင်​ခင်​ကလည်း
ရေချိုး​ဆောင်​မှာ ငို​နေတာ ​တွေ့လိုက်​တယ်​၊
တမင်​​ချောင်းကြည့်​တာ မဟုတ်​​ပေမယ့်​​ပေါ့။

ကျင်းရီအခုကိစ္စကို​တော့ မင်း​လေးကို ရ​အောင်
မေးမှ ဖြစ်​မယ်​။

မင်းသား​လေးကို ဘယ်​သူက အန္တရာယ်​​ပေးလဲ
သိမှ သူကာကွယ်​နိုင်​မှာ။
မနက်​က မင်းသား​လေးပုံစံကြည့်​ရတာ
တဖက်​လူက အသက်​ကို လိုချင်​တာ မဟုတ်
လောက်​ဘူး၊ မင်းသား​လေး ခန္ဓာကိုယ်​ကို
လိုချင်​တာများလား.........။

မင်းသား​လေးက တကယ်​​တော့ အရမ်းချစ်​ဖို့
ကောင်းတာ၊၊ 
သူလည်း မင်းသား​လေးကို ချစ်​တယ်​၊
သက်​​တော်​​စောင့်​ဆိုတာထက်​ကို ပိုချစ်​တယ်​။
ဒါ​ပေမယ့်​ ဒီတသက်​ ဘယ်​သူမှ မသိ​စေရဘူး၊
ဒါမှ တသက်​လုံး မင်းသား​လေးအနားမှာ
အနီးကပ်​ ​စောင့်​​ရှောက်​နိုင်​မှာ​လေ။
လိုအပ်​ရင်​ အသက်​​ပေးလို့ရ​အောင်​ အထိန်း
တော်​ဘဝက​နေ သက်​​တော်​​စောင့်​ဘဝပါရ​အောင်​ ခက်​ခက်​ခဲခဲ ကြိုးစားထားရတာ။

"မင်းသား​လေး ကျွန်​​တော်​မျိုးကို ​ပြောပါ၊
မင်းသား​လေးကို ဘယ်​သူအန္တရာယ်​​ပေးတာလဲ၊
မင်းသား​လေး ဘာ​တွေဖြစ်​​နေလဲဆိုတာ
ကျွန်​​တော်​မျိုးကို ပွင့်​ပွင့်​လင်းလင်း ​ပြောနိုင်​ပါ
တယ်​၊၊"

"ကျွန်​​တော်​မျိုးနဲ့ အရင်​​ပြော​နေကြ ပုံစံသာ​ပြော
ပေးပါ။ မင်းသား​လေး ဘယ်​လိုပုံစံနဲ့ ​ပြော​ပြော
ကျွန်​​တော်​မျိုး နားလည်​နိုင်​ပါတယ်​။"

"..........................။"

"​ခေါင်းမရမ်းပါနဲ့ မင်းသား​လေး၊ ကျွန်​​တော်​မျိုး
မင်းသား​လေးနား ​ရောက်​​နေတာ တစ်​ဆယ့်​နှစ်
နှစ်​သားထဲကပါ။
မင်းသား​လေး သက်​​တော်​ခုနှစ်​,နှစ်​ထဲက
မင်းသား​လေးအနား ​နေလာတဲ့ ကျွန်​​တော်​မျိုး
ကိုမှ မ​ပြောရင်​ ဘယ်​သူကို ​ပြောမှာလဲ။"

တော်​ဝင်​သည်​...သို့​သော်​ငြားလည်းWhere stories live. Discover now